ဖက်ရှင်ကျတဲ့ဝတ်ဆင်နည်းတွေကို စိတ်ဝင်စားကြတဲ့ ပျိုမေတို့အားလုံးပဲ မင်္ဂလာပါနော်။ Crop Top အင်္ကျီလေးတွေဆိုတာ မိန်းကလေးတော်တော်များများနဲ့လိုက်ဖက်သလို လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေဖြစ်ပါတယ်။ Crop Top ကိုမှ လက်ရှည်လေးတွေဟာဆိုရင် အေးတဲ့ရာသီမှာလည်း ဝတ်နိုင်မယ့်အပြင် လက်ရှည်ကိုမှ ဒီဇိုင်းမျိုးစုံရှိတာမို့ ထသွားထလာကနေ ရုံးသွား၊ ပွဲတက်အတွက်ပါ စတိုင်ကျကျဝတ်လို့ရတဲ့ ပုံစံလေးတွေလို့ ပြောလို့ရပါတယ်။
ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ Crop Top လက်ရှည်ပုံစံအမျိုးမျိုးနဲ့ တွဲစပ်ပြီး ဖက်ရှင်ကျတဲ့ Outfit မျိုးရအောင် ဝတ်ဆင်နိုင်မယ့် အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Crop Top ဝတ်ရတာကြိုက်တဲ့သူတွေ ဝတ်ဖို့စဉ်းစားနေတဲ့သူတွေ နမူနာယူနိုင်မှာဖြစ်လို့ စိတ်ဝင်စားရင်ကြည့်လိုက်ရအောင်။
၁။ Knotted Long-Sleeved Crop Top

ရှေ့စည်းလေးလို နှစ်ဖက်ယှက်ထားတဲ့ပုံစံနဲ့ Crop Top လက်ရှည်လေးက အရမ်းဆွဲဆောင်မှုရှိသလို ဂျင်းဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်လို့လှမယ့်ပုံစံလေးပါ။
၂။ Ribbed Long Sleeved Crop Top

အစင်းကြောင်းလေးတွေပါတဲ့ Crop Top အင်္ကျီလေးကို ဂျင်း (သို့) ဘောင်းဘီရှည်၊ သရေကြိုးဘောင်းဘီ စတာတွေနဲ့ တွဲဝတ်တာက ဟိုနားဒီနားသွားရင်း ဝတ်ဖို့ အသင့်တော်ဆုံးပါပဲ။ ရှင်းရှင်းလေးနဲ့ အထာကျစေမှာပါ။
၃။ Puffed Long Sleeve Crop Top

လက်ဖောင်းလေးပါတဲ့ Crop Top လေးတွေက နူးနူးညံ့ညံ့နဲ့ မိန်းကလေးဆန်တဲ့ပုံစံလေးတွေပါ။ သူ့ကိုလည်း ဂျင်းလေးတွေနဲ့ တွဲဝတ်ရင် အရမ်းချစ်စရာကောင်းပါတယ်။
၄။ Classic Black Long Sleeve Crop Top

ခန္ဓာကိုယ် Fit ဖြစ်တဲ့ရိုးရိုး လက်ရှည် ခါးတိုအမဲလေးတွေကလည်း ဘောင်းဘီအရောင်မရွေးဘဲ လိုက်ဖက်မယ့် အင်္ကျီလေးပါ။ အရောင်မရွေးဘဲ သူ့တစ်ထည်ထဲရှိရုံနဲ့ မျိုးစုံတွဲဝတ်လို့ရတဲ့ ဒီဇိုင်းလေးလို့ပြောလို့ရပါတယ်။
၅။ Turtleneck Long Sleeve Crop Top
လည်ပင်းအစိ Turtleneck ပါတဲ့ အင်္ကျီပုံစံက တော်တော်များများနဲ့လိုက်သလို ဓာတ်ပုံရိုက်လို့လည်းလှတဲ့ ပုံစံလေးပါ။ ရာသီဥတုအေးတဲ့နေ့တွေမှာ ဝတ်ဖို့သင့်တော်သလို ခရီးသွားရင်းနဲ့လည်း ဝတ်လို့ကောင်းတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။
၆။ Printed Long Sleeve Crop Top

ပုံထဲသလို အင်္ကျီလည်ပင်းကျယ်ကျယ်နဲ့ Printed ပုံလေးတွေပါတဲ့ ပုံစံကလည်း မိန်းကလေးတိုင်းနဲ့ လိုက်သလို ပွဲသွားပွဲလာအတွက် အဆင်ပြေတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။ လည်ပင်းအလှလည်းပေါ်လွင်ပြီး ဆွဲဆောင်မှုရှိစေမှာပါ။
၇။ Off-shoulder Long Sleeve Crop Top

Crop Top ကိုမှ ဆွယ်တာလက်ရှည်ပုံစံလေးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ အရမ်းမပူ အရမ်းလည်းမအေးတဲ့ရာသီအတွက် သင့်တော်ပြီး အထာလည်းကျစေမှာပါ။
၈။ Long Sleeve Sweater Crop Top

လက်ရှည် Crop Top ကို Off-Shoulder ပုံစံဝတ်တာကလည်း အရမ်းအထာကျပါတယ်။ ခေတ်ဆန်ပြီး ဘောင်းဘီရှည်တွေနဲ့ဝတ်လို့လှမယ့် ဒီဇိုင်းဖြစ်ပါတယ်။
၉။ Blazer Long Sleeve Crop Top

Blazer အင်္ကျီလက်ရှည်ကိုမှ Crop Top ပုံစံလေးကလည်း ဝတ်လိုက်တာနဲ့ အထာကျစေမယ့်ပုံစံမျိုးပါ။ Mini စကပ်လေးတွေ ဘောင်းဘီရှည်အဖြူလေးတွေနဲ့ တွဲဝတ်လို့လှပါတယ်။
Photo Source: Pinterest, preview.ph
By MyStyle Myanmar

