ဖက်ရှင်အကြောင်းစိတ်ဝင်စားတဲ့ ပျိုမေတို့အားလုံးမင်္ဂလာပါနော်။ Tank Top လို့ခေါ်တဲ့ ကိုယ်ကြပ်ခါးတိုအင်္ကျီလေးတွေက မိန်းကလေးတိုင်းနဲ့ ဝတ်လို့လိုက်သလို ရာသီမရွေးဝတ်နိုင်တာမို့ ဘယ်တော့မှမရိုးတဲ့ဖက်ရှင်လို့ ပြောလို့ရပါတယ်။ Tank Top ကိုမှ အနက်ရောင်လေးတွေက ဘယ်ကာလာနဲ့မဆို တွဲဝတ်နိုင်ပြီး ခန္ဓာကိုယ်ပိုသွယ်သွားသလိုမြင်ရတာမု့ိ တစ်ထည်လောက်ရှိထားတာက မမှားပါဘူး။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အနက်ရောင် Tank Top လေးတစ်ထည်ကိုမှ မထပ်ရအောင် Outfit အမျိုးမျိုးဖန်တီးနိုင်မယ့် တွဲဖက်ဝတ်ဆင်နည်းတွေကို ဖော်ပြပေးသွားမှာပါ။ Tank Top ဝတ်ရတာကြိုက်တဲ့သူတွေ အိုင်ဒီယာရစေမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်ပါနော်။ အောက်က Sneakers ဖိနပ်ဝတ်ထားရင် ပိုလိုက်ပါတယ်။ သက်တောင့်သက်သာနဲ့ အထာကျနေမယ့်ဖက်ရှင်လေးဖြစ်ပါတယ်။

Oversized ရှပ်အပွ အဖြုလေးတစ်ထည်ကို အပြင်ထပ်ပုံစံ အပေါ်ကထပ်ဝတ်ပြီး အောက်က ဘောင်းဘီအနက်နဲ့ တွဲကြည့်ပါ။ အမိုက်စား အဖြူ၊အမဲ စတိုင်လေးရစေမယ့်အပြင် မိန်းကလေးအရမ်းမဆန်တာမို့ Boyish ဖက်ရှင်ဝတ်ချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

နောက်တစ်မျိုးက စတိုင်ဘောင်းဘီ (သို့) Cargo ဘောင်းဘီအပွတွေနဲ့ တွဲဝတ်တာပါ။ ဒီစတိုင်ကလည်း သိပ်အားစိုက်စရာမလိုဘဲ အထာကျနေတတ်ပါတယ်။

Tank Top ကိုအပေါ်က Cardigan အင်္ကျီလက်ရှည်အကပ်လေးတွေနဲ့ တစ်ထပ်ပေါင်းလိုက်တာမျိုးကလည်း အခုနောက်ပိုင်း မော်ဒယ်တွေမကြာခဏဝတ်ကြတဲ့ ပုံစံလေးဖြစ်ပြီး ဓာတ်ပုံရိုက်လို့လည်း အရမ်းလှပါတယ်။

Tank Top ကိုအနက်ကို အောက်ကခံပြီး ဂျာကင်လှလှလေးတစ်ထပ်နဲ့ တွဲဝတ်ပေးတာကလည်း အရမ်းအထာကျပါတယ်နော်။ ဂျာကင် (သို့မဟုတ်) Blazer လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

တည်ငြိမ်ပြီး ခေတ်ဆန်တဲ့စတိုင်အတွက် Tank Top အနက်လေးကို စကပ်ရှည်နဲ့ တွဲဝတ်ကြည့်ပါနော်။

အနက်ရောင် Mini Shirt လေးနဲ့ တွဲဝတ်တာကလည်း ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ Vibe မျိုးရစေပါတယ်။

Flare Shirt လေးတွေနဲ့ ထပ်ဝတ်တာကလည်း အောက်က ဘောင်းဘီအတိုအရှည်မရွေးလိုက်ဖက်နေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar