Sweatpant တွေက လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေတာမို့ လူငယ်တွေ အဝတ်များပါတယ်။ ဒီဘောင်းဘီအပွက ဝတ်တတ်ရင် ဝတ်တတ်သလို ဖက်ရှင် Vibe အမျိုးမျိုးရနိင်ပါတယ်။ အနက်ရောင်က အရောင်တိုင်းနဲ့ လိုက်ဖက်တာကိုတော့ ပျိုမေတို့ သိပြီး ဖြစ်မှာပါ။

သင်က အနက်ရောင်ဝတ်ရတာ ကြိုက်ပြီး Sweatpant တစ်ထည် ပိုင်ဆိုင်တယ်ဆိုရင် ဒါကို အသုံးချပြီး အထာကျကျ ဝတ်ဆင်နိုင်ပါတယ်။ ဒီတော့ ဘယ်လိုဝတ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

သင်က ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်ဘက်သွားချင်ရင် အနက်ရောင် အင်္ကျီလတ်ပြတ်နဲ့ ဝတ်နိုင်ပါတယ်။ အောက်ဘက်Sneaker ခပ်ကြီးကြီးနဲ့ဆိုရင် အံကိုက်ပါပဲ။

အဖြူရောင်အင်္ကျီလတ်ပြတ် ခါးတိုနဲ့ အောက် Sneaker အဖြူနဲ့ ဖက်ရှင်က Bar တွေ Festival တွေသွားဖို့ အဆင်ပြေပါတယ်။

ရာသီဥတု မပူတဲ့ ရက်တွေမှာ Sweater အပွကို စွပ်ချသွားရင် သင့်ကို အပိုအလိုမရှိတဲ့ ဖက်ရှင်ခပ်မိုက်မိုက် ပိုင်ဆိုင်စေမှာပါ။

လုံလုံခြုံခြုံ အသားမဖော်ဘဲ ဝတ်ချင်တဲ့ ပျိုမေတို့အတွက် အဖြူရောင် Shirt ကို ဘောင်းဘီအထဲ ထည့်ဝတ်တာ​ကသင့်တော်မှာပါ။

အပေါ်ထပ် အပွနဲ့ အထဲ Crop လေး ခံဝတ်တာက ဗိုက်အဆီရှိတဲ့၊ ခန္ဓာကိုယ်ပြားတဲ့ ပျိုမေတို့နဲ့ မိုက်နေမှာပါ။

သင့် Fashion Game ကို Level တစ်ဆင့်တက်ချင်ရင်တော့ အဖြူရောင်ရင်ခံ ခါးတိုနဲ့ Sweatpant အပွ၊ အပေါ်အင်္ကျီအထပ်က အဖော်မွန်တွေဖြစ်မှာပါ။

Layer အထပ်အထပ်တွေ မဝတ်ချင်ဘဲ ရှင်းရှင်းလေးပဲ ဝတ်ချင်ရင်တော့ အဖြူရောင် Crop နဲ့ ဘောင်းဘီအနက်ကအဆင်ပြေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar