Varsity Jacket တွေကို Student Coat လို့ လည်း တခြားနိုင်ငံတွေမှာ ခေါ်တတ်ကြပါတယ်။ ဒီ Jacket တွေကအထာကျကျ လှချင်သူတွေအတွက် သင့်တော်ပါတယ်။ လူငယ်ဆန်သလို အေးတဲ့ရာသီဥတုနဲ့လည်း လိုက်ဖက်ပါတယ်​။ Varsity Jacket တွေက Crop ပုံစံတွေလည်း ရှိတာမို့ တစ်ထည် ရှိရုံနဲ့တင် ပုံစံအမျိုးမျိုး ပြောင်းလဲ ဝတ်ဆင်နိုင်ပါတယ်။ ပျိုမေတို့အနေနဲ့ အရောင် ရွေးချယ်မှုနဲ့ ဆုံးဖြတ်မယ်ဆိုရင် အနက်၊ အဖြူ၊ အညိုစတဲ့ Jacket တွေကယေဘုယျအားဖြင့် အင်္ကျီတိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်​။ ဒီတော့ ဒီ Jacket အမျိုးအစား ကို ဘယ်လိုတွဲဖက်ဝတ်ဆင်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

ဒီ Jacket ပုံစံက Crop ဝတ်လေ့ရှိတဲ့ ပျိုမေတို့ နဲ့ ပိုကြည့်ကောင်းပါတယ်။

ဂျင်းဘောင်းဘီရှည် အပြာ+Jacket အရောင် နဲ့ ဖိနပ်အရောင်တိုက်ဝတ်သင့်ပါတယ်။

ကိုယ်နှစ်သက်တဲ့ အရောင်နဲ့အတူ အထဲက အတိုဝတ်လိုက်ရင်လည်း လှပါတယ်။

Tennis Skirt နဲ့

Ripped Jeans နဲ့ ပုံထဲကလို အထာကျကျ ဝတ်ဆင်နိင်ပါတယ်။

အနက်ရောင် ကြိုက်တဲ့ မိန်းကလေးတွေ အတွက်

Biker Short နဲ့ ခပ်မိုက်မိုက်စတိုင်

အောက် Boots နဲ့ စကပ်အတိုက Varsity Jacket နဲ့ လိုက်ဖက်ပါတယ်​။

အတိုမဝတ်ရဲတဲ့ ပျိုမေတို့အတွက်

သင်က အဖြူအနက် Jacket ကို ပိုင်ဆိုင်ထားရင် အဖြူအနက် Sneaker နဲ့ တွဲဖက်ဝတ်သင့်ပါတယ်​။

ခြေအိတ်အရှည်နဲ့

သင်သဘောကျတဲ့ ဖက်ရှင်ပုံစံက ဘယ်ပုံစံ ဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar