အားလုံးပဲ မင်္ဂလာပါနော်။ ခြေပိတ်ဖိနပ်ဖြစ်တဲ့ Loafer လေးတွေက အခုနောက်ပိုင်း လူငယ်ကောင်မလေးတွေကြား လူကြိုက်များပြီး ခေတ်စားနေတဲ့ ဖိနပ်ဒီဇိုင်းလေးပါနော်။ အနက်ရောင် Loafer ဖိနပ်တွေက အင်္ကျီအရောင်မရွေးလိုက်ဖက်သလို ချစ်စရာကောင်းပြီး စမတ်ကျတဲ့ Vibe မျိုးပါ ပေးနိုင်ပါတယ်။ မိန်းကလေးတော်တော်များများ တစ်ကြိမ်လောက်တော့ စီးချင်ကြတဲ့ ဖိနပ်မျိုးဖြစ်တာမို့ သင်ကိုယ်တိုင်လည်း ဝတ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် သူနဲ့လိုက်တဲ့ Outfit စတိုင်တွေကို သိထားတာက ပိုကောင်းပါတယ်။ ဖိနပ်လေးလည်းပေါ်သလို တစ်ကိုယ်လုံးအထာကျတဲ့ ဖက်ရှင်မျိုးရဖို့ ဒီတစ်ခေါက်မှာ Loafer ဖိနပ်နဲ့လိုက်ဖက်နေမယ့် Outfit လေးတွေကို ဖော်ပြပေးချင်ပါတယ်။ Cele တွေကိုယ်တိုင်ဝတ်ပြတတ်တဲ့ စတိုင်တွေဖြစ်တာမို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

ပထမဆုံးစတိုင်ကတော့ အင်္ကျီအပါးလက်ရှည်လေးကိုမှ Mini စကပ်၊ ခြေအိတ်ရှည်တို့နဲ့တွဲပြီး ချစ်စရာကောင်းအောင် ဝတ်တဲ့ပုံစံလေးပါ။ နိုင်ငံခြားကျောင်းသူလေးလို ခေတ်ဆန်တဲ့ Vibe ရစေမှာပါ။

အေးတဲ့ရာသီမှာတော့ ပေ့ါပေါ့ပါးပါးနဲ့ အထာကျနေအောင် အပေါ်တီရှပ်နဲ့ ဂျာကင်တစ်ထပ်ဝတ်ပြီး အောက်စကပ်ရှည်အကပ်ကို တွဲဝတ်ကြည့်ပါ။

နောက်ထပ် ဆယ်ကျော်သက်ကျောင်းသူလေးလို ချစ်စရာကောင်းစေမယ့် စတိုင်လေးက Loafer အနက်ကိုမှ ခြေအိတ်အဖြူလေးတွဲပြီး စကပ်တို၊ အပြင်ထပ်နဲ့ အောက်ခံအင်္ကျီ၊ Neck Tie လေးချည်ပြီး ဝတ်တဲ့ပုံစံပါ။ ပုံထဲကလို Pose လေးပေးပြီး ဓာတ်ပုံရိုက်ကြည့်ပါ။ ခြေဖျားလေးထောက်လိုက်တာက ဖိနပ်ကိုပါထင်းသွားစေမှာပါ။


အလားတူ Mini Dress ပုံစံလေးတွေကလည်း Loafer ဖိနပ်တွေနဲ့ အရမ်းလိုက်တာမို့ တွဲဝတ်ကြည့်သင့်ပါတယ်နော်။


ဒီလိုဖိနပ်တွေက ဘောင်းဘီတော်တော်များများနဲ့လိုက်သလို ခြေထောက်အောက်ကားပါတဲ့ ဘောင်းဘီတွေ၊ စတိုင်ဘောင်းဘီအပွလေးတွေနဲ့ဆို ပိုပြီးအထာကျပါတယ်။ ယောကျာ်းလေးဆန်တဲ့ ဖက်ရှင်မျိုးနဲ့ တွဲဝတ်ချင်သူတွေအတွက် ကွက်တိပါပဲ။


ခန္ဓာကိုယ်ပြည့်ပြည့်လေးတွေနဲ့လိုက်တဲ့ ပေါင်အကွဲကြောင်းနဲ့ ဂါဝန်ရှည်အကပ်လေးတွေကလည်း Loafer နဲ့တွဲဝတ်လို့လှသလို ပေါ့ပါးပြီး Sweet ဖြစ်တဲ့ စတိုင်လေးရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar