အနက်ရောင်က အင်္ကျီအရောင်တိုင်းနဲ့ လိုက်ဖက်တာကိုတော့ ပျိုမေတိုင်း သိပြီး ဖြစ်မှာပါ။ ဒါကြောင့်ပဲ အနက်ရောင် ဘောင်းဘီရှည်၊ အနက်ရောင် စကပ်တို၊ အနက်ရောင် ဘောင်းဘီတို၊ အနက်ရောင် ထဘီ စတာတွေကို ပျိုမေတို့ ပိုင်ဆိုင်ထားကြတာပါ။ ဒီထဲမှာတော့ အနက်ရောင် စကပ်၊ ဘောင်းဘီတိုတွေနဲ့ ပေါ့ပေါ့ပါးပါး ဝတ်နိုင်မယ့် ဖက်ရှင်စတိုင်တွေကို ဖော်ပြထားပါတယ်။

၁။ တီရှပ်နဲ့ ဝတ်မယ်

အနက်ရောင် စကပ်ကို အပေါ်က တီရှပ်နဲ့ တွဲပြီး တီရှပ်ကို လက်ခေါက်ဝတ်နိုင်ပါတယ်။ ဖိနပ်ကိုပါ အနက်လေး တွဲနိုင်ပါတယ်။

၂။ စကပ်အကားလေးနဲ့ Crop

ဆွဲဆောင်မှုရှိရှိ ဝတ်ချင်တဲ့ ပျိုမေတို့ကတော့ Crop အတိုလေးနဲ့ စကပ်အကားလေးကို တွဲနိုင်ပါတယ်။

၃။ အပြာရောင် လက်ရှည်နဲ့

စကပ်အနက်လေးကို အပေါ်က လက်ရှည်လေးနဲ့လည်း တွဲဝတ်နိုင်ပါတယ်။ အောက်က ဖိနပ်ကိုပါ အနက်လေး တွဲသင့်ပါတယ်။

၄။ အထာကျတဲ့ စတိုင်

ဘောင်းဘီတို အနက်ကို အပေါ်က Sweater Vest, T Shirt လေးနဲ့ အထာကျကျ ဝတ်နိုင်ပါသေးတယ်။

၅။ ယောက်ျားလေးဆန်ဆန် စတိုင်

ထူးခြားပြီး ယောက်ျားလေးဆန်တဲ့ Fashion Vibe မျိုး လိုချင်ရင်တော့ ဒီ စတိုင်က ကွက်တိပါပဲ။

၆။ ဘောင်းဘီတိုနဲ့ ကော်လံပါတဲ့ အင်္ကျီ

ဘောင်းဘီတို အနက်နဲ့ နောက်ထပ် တွဲန်ိုင်တဲ့ အင်္ကျီကတော့ ကော်လံပါတဲ့ T Shirt ပါ။

၇။ ဖိနပ်ပြောင်းမယ်

အပေါ် ကော်လံပါတဲ့ အင်္ကျီနဲ့ ဘောင်းဘီအနက် အတွဲအစပ်ကိုပဲ ပိုစတိုင်ကျအောင် ဘွတ်ဖိနပ်၊ Black Baseball Cap တို့နဲ့ တွဲနိုင်ပါသေးတယ်။

၈။ မိန်းကလေးဆန်ဆန်

စကပ်အနက်လေးနဲ့ အင်္ကျီလက်ရှည်စတိုင် အတွဲအစပ်က မိန်းကလေးဆန်ပြီး လှတဲ့ ဖက်ရှင်စတိုင် ဖြစ်ပါတယ်။

၉။ ဆွယ်တာလက်ရှည်လေးနဲ့

ပေါ့ပေါ့ပါးပါး ပွပွလေး နှစ်သက်ရင် ဆွယ်တာ ပွပွလေးနဲ့ စကပ်အနက်ကို တွဲဖက်နိုင်ပါတယ်။

၁၀။ အပြင်ထပ်နဲ့

ဒီစတိုင်လေးကို ပျိုမေအများစု အဝတ်များကြပါတယ်။ အထဲက အဖြူခံလေး ဝတ်ကာ အပြင်ထပ် ဝတ်ပြီး စကပ်အနက်နဲ့ တွဲဝတ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar