အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆံပင်ဖြောင့်ဖြောင့်စင်းစင်းလေးပဲ့ ကြိုက်တဲ့မယ်မဒီလေးတွေရေ…ဆံနွယ်လေးတွေစင်းပြီးဖြောင့်နေစေဖို့ ဆံပင်ဖြောင့်စက်လည်းသုံးချင်တယ် ဆံပင်ပျက်စီးမှာလည်း ကြောက်တယ်ဆိုရင်တော့ ဒီအကြောင်းအရာလေးကို အဆုံးထိသာ ဖတ်ကြည့်လိုက်ပါနော်။ ဘာလို့လဲဆိုတော့ ဆံပင်ဖြောင့်စက်သုံးပေမယ့် ဆံသားတွေ အလွယ်တကူထိခိုက်ပျက်စီးမှု နည်းစေမယ့် ဆံပင်ဖြောင့်တဲ့နည်းလေးကို မျှဝေပေးမှာပဲ့ဖြစ်ပါတယ်။ ကဲ..ဘယ်လိုနည်းလေးတွေလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်..

သဘာဝအုန်းဆီစစ်စစ်တွေနဲ့ပေါင်းတင်ပေးပါ

သံလွင်ဆီ၊ အုန်းဆီ စတဲ့ သဘာဝဆီကို အပူပေးပြီး ဆံပင်ကို မိနစ် ၄၀ လောက်ပေါင်းတင်ပေးပါ။ ပြီးရင် ဦးရေပြားကိုနှိပ်နယ်ပေးပြီး ခေါင်းလျှော် ပေါင်းတင်ပေးလိုက်ပါ။

ဖြောင့်စက်မသုံးမီ ဆီလိမ်းပေးပါ။

ဖြောင့်စက်မသုံးမီ ဆံပင်ကို ပျက်စီးမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ခေါင်းလိမ်းဆီလေး လိမ်းပေးနိုင်ပါတယ်။ ပြီးမှဖြောင့်စက်သုံးပါ။

အပူချိန်လျှော့ဖို့လည်း မမေ့ပါနဲ့

ဆံပင်ဖြောင့်စက်ကို အပူချိန် လျှော့ပေးပါ။ အရမ်းပူတဲ့အရှိန်နဲ့ ဆံပင်ကို ဖြောင့်စက်ဆွဲပေမယ်ဆိုရင် ဆံပင်က ပိုပြီးပျက်စီးစေမှာဖြစ်ပါတယ်။

ခေါင်းလျှော်ပြီးတိုင်း Hair Serum လိမ်းပေးပါ

ခေါင်းလျှော်ပြီးတဲ့အခါတိုင်း Hair Serumလိမ်းပေးဖို့လည်း မမေ့ပါနဲ့။ ဆံကေသာကို နူးညံ့ပျော့ပျောင်းစေပြီး ခြောက်သွေ့ပျက်စီးမှုကနေ ကာကွယ်ပေးမှာပဲ့ ဖြစ်ပါတယ်။

www.stylecraze.com