ဖိနပ်ကောင်းကောင်းလေးတွေက နေရာကောင်းလေးတွေကို ခေါ်သွားတတ်လို့ အများက သတ်မှတ်ထားကြပါတယ်။ ဖိနပ်နဲ့ပတ်သတ်လာရင် ယောက်ျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် အများစုက သဘောကျတတ်ကြလို့ လူတိုင်းမှာ အနည်းဆုံး ၃ ၄ ရံလောက်ကတော့ မလွဲမသေရှိတတ်ကြပါတယ်။

ဖိနပ်သဘောကျတဲ့လူဆိုရင်တော့ ကြိုက်တာလေးတွေ့လိုက် ဝယ်လိုက်နဲ့ အများကြီးဖြစ်နေမှာပါ။ အများကြီး ဝယ်မိတဲ့အခါ စနစ်တကျနဲ့သိမ်းဖို့ကလည်း အရေးကြီးပါတယ်နော်။ ဈေးကြီးပေးဝယ်ထားတဲ့ဖိနပ်တွေ မပျက်စီးအောင် ဘယ်လိုသိမ်းကြမလဲ ?

Shoe Trees

ဒေါင်လိုက်ထောင်ပြီးသုံးရတဲ့ Shoe Trees တွေက နေ့တိုင်းသုံးနေတဲ့ဖိနပ်တွေ သိမ်းဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

ဖိနပ်စင်

အိမ်အဝင်ဝမှာပွနေတဲ့ဖိနပ်တွေအတွက်တော့ သန့်ရှင်းပြီး ဆွဲဆောင်မှုလည်းရှိစေတဲ့အပြင် လေဝင်လေထွက်ကောင်းစေတဲ့ ဖိနပ်စင်တွေက အိမ်အဝင်ဝမှာ ထားပေးသင့်တဲ့စင်မျိုးပါပဲ။

Shoe Boxes

နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပြီး ဖုန်မှုန့်တွေကို ကာကွယ်ဖို့အတွက်ဆို  Shoe Boxes တွေက အသင့်တော်ဆုံးပါပဲ။ Shoe Boxes သီးသန့်မဝယ်ချင်ရင်လည်း ဝယ်တုန်းကပါလာတဲ့ ဘူးတွေကို သုံးလို့ရပါတယ်။

တံခါးချိတ်အိတ်


ဖိနပ်တွေကို နေရာကျဉ်းကျဉ်းလေးမှာ သိမ်းထားချင်တယ်ဆိုရင်တော့ တံခါးမှာချိတ်တဲ့အိတ်ထဲမှာ သိမ်းလို့ရပါသေးတယ်။ Flats, Sandals နဲ့ Lightweight ဖြစ်တဲ့ ဖိနပ်တွေအတွက် အဆင်ပြေပါတယ်။

ကုတင်အောက်


နေရာချွေတာဖို့ နောက်တစ်နည်းကတော့ အိပ်ရာအောက်မှာ ဖိနပ်ကို သိမ်းလို့ရပါသေးတယ်။