အပူနဲ့ ခဏခဏ ထိတွေ့ရတဲ့အခါ၊ ကိုယ်သောက်ရတဲ့ ဆေး၊ ကူးစက်ရောဂါ တစ်ခုခု၊ ဓာတုပစ္စည်းတွေနဲ့ ဆံပင်ကို ခဏခဏ ထိတွေ့ရတဲ့အခါ ဆံပင်ကျွတ်နိုင်ပါတယ်။ ဆံပင်ကျွတ်တာ များလာတဲ့အခါ ဆံပင်အဖျားရှူးပြီး ပိုပါးလာနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံပင်ပြန်ထူကာ အရှည်မြန်လာစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပါရစေ။

၁။ Scalp Treatment

ဦးရေပြားအတွက် သီးသန့် Treatment ယူတဲ့အခါ ဆံပင်ကျွတ်တာ သက်သာလာစေမယ့်အပြင် ဆံသားအတွက် အားဖြည့်ပေးရာ ရောက်ပါတယ်။ တစ်လမှာ တစ်ခါလောက် Scalp Treatment လုပ်သင့်ပါတယ်။

၂။ Scalp Products တွေကို ဝယ်ပါ

ဦးရေပြားအတွက် ထုတ်ထားတဲ့ Scalp Oil တွေ၊ ခေါင်းဖြီးတွေကို ရှာဖွေဝယ်ယူသင့်ပါတယ်။

၃။ Rice Water

ဆန်ဆေးရည်ရဲ့ ဆံသားအတွက် ကောင်းကျိုးတွေကတော့- ဆံပင်အရှည်မြန်စေတာ၊ ဆံသား တောက်ပြောင်စေတာ၊ ဆံပင်ခိုင်ခံ့စေတာ စတာတွေ ဖြစ်ပါတယ်။ ခေါင်းလျှော်တဲ့အချိန် ဆန်ဆေးရည်ကိုပါ ရောကာ ဆံသားကို ဆေးပေးသင့်ပါတယ်။

၄။ ကိုယ့်ဆံပင်အတွက် ထုတ်ထားတဲ့ Hair Care တွေကို ရှာဖွေပါ

ဆံပင်ဆိုးထားတဲ့ သူအတွက်၊ Damaged Hair, Dry Scalp အတွက် စသဖြင့် ရှန်ပူတွေ၊ Hair Mask တွေကို သင်သိမှာပါ။ ဒီထဲကမှ သင့်ဆံပင်အတွက် ထုတ်ထားတဲ့ ရှန်ပူ၊ Hair Mask, Conditioner တို့ကို ရှာဝယ်သင့်ပါတယ်။

၅။ Rose Water နဲ့ Hair Oil ကို သုံးပြီး Massage လုပ်ပါ

ဦးရေပြားကို ပုံမှန်နှိပ်နယ်ပေးတဲ့အခါ သွေးလည်ပတ်မှု ကောင်းစေတဲ့အပြင် ဆံပင်ကျွတ်တာ သက်သာစေပါတယ်။ Rose Water, Hair Oil စတဲ့ ပစ္စည်းတွေနဲ့ ဦးရေပြားကို နှိပ်နယ်ပေးသင့်ပါတယ်။

၆။ ဆံသားကို ကာကွယ်နည်း

ဆံသားပျက်စီးတာကို ကာကွယ်တဲ့အနေနဲ့ ခေါင်းစည်းကြိုးကို ပိုးသားခေါင်းစည်းကြိုးသုံးတာ၊ ညဘက်အိပ်တဲ့အခါ ဆံသားကို ကာကွယ်ပြီး အိပ်တာမျိုး ပြုလုပ်သင့်ပါတယ်။

၇။ အာဟာရမျှတစွာ စားသောက်ပါ

ဆံပင်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်၊ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအသောက်တွေကို ပိုစားပေးသင့်ပါတယ်။ ဆံပင်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကိုပါ သောက်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar