တချို့ကျတော့ အိပ်ပျော်သွားတဲ့ ဟောက်တတ်တဲ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒီလိုဟောက်တတ်တဲ့အကျင့်ရှိသူတွေက ပင်ပန်းတဲ့အခါမျိုးမှာဆိုရင် ပိုပြီးစေဟောက်တတ်ပါတယ်။ ဒါကြောင့် အိပ်ရင်ဟောက်တတ်တဲ့အကျင့်ကို ပျောက်သွားအောင်ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်အိပ်တဲ့ပုံစံမှားနေရင်လည်း ဟောက်တတ်ပါတယ်။ ခေါင်းကို မြှင့်ပြီးအိပ်ပါ။ ခေါင်းအုံးကို နည်းနည်းမြင့်တဲ့ခေါင်းအုံးနဲ့ အိပ်တာက ဟောက်တာကို သက်သာစေပါတယ်။
မအိပ်ခင်မှာ အရက်သောက်တာကို ရှောင်ပေးပါ။ မအိပ်ခင်မှာ အရက်သောက်လိုက်ရင် လည်ချောင်းကြွက်သားတွေ Relax ဖြစ်စေတဲ့အတွက် ဟောက်ဖို့ကို ပိုပြီးအားပေးပါတယ်။
အဝလွန်တဲ့သူတွေမှာ ဟောက်တာမျိုးက ပိုပြီးအဖြစ်များပါတယ်။ ဝိတ်ချရင် ဟောက်တာသက်သာစေပါတယ်။
အိပ်ရေးဝဝအိပ်ပါ။ အိပ်တဲ့ပုံစံလည်းမှန်တယ် ဒါပေမယ့် ဆိုးဆိုးရွားရွားဟောက်နေတာမျိုးဆိုရင် ဆရာဝန်နဲ့ပြကြည့်တာမျိုး လုပ်တာ ပိုကောင်းပါတယ်။
Source: www.healthline.com