ဝိတ်ချတဲ့သူတွေအများစုကြုံနေရတဲ့ပြဿနာက အစားကို အလွန်အကျွံစားမိနေတာပါ။ အစားအသောက်စားရတာ ကြိုက်တဲ့သူတွေအတွက် စားချင်စိတ်ကိုထိန်းချုပ်ရတာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် နည်းနည်းလေး စိတ်ပိုင်းဖြတ်လိုက်ရင် ထိန်းလို့ရပါတယ်။ ဒါဆို အလွန်အကျွံစားမိနေတာကို ဘယ်လိုရပ်တန့်မလဲ ?

အဆာမလွန်ပါစေနဲ့

အစာမစားခင် ဗိုက်ဆာတာက ပုံမှန်ဆိုပေမယ့် ဗိုက်အရမ်းဆာရင် အစာမြန်မြန်စားမိပါတယ်။ မြန်မြန်စားတဲ့အခါ ပိုစားမိတတ်ပါတယ်။ ဒါကြောင့် အစာစားချင်စိတ်ကို ထိန်းညှိပေးနိုင်ဖို့ ပုံမှန်ချိန်စားပေးပါ။

သတိထားပြီးစားပါ

တီဗီကြည့်ရင်း ဖုန်းသုံးရင်း ဒါမှမဟုတ် စိတ်ရှုပ်နေချိန်တွေမှာ အစာစာတာကို ရှောင်ကြဉ်ပါ။ အစာစားချိန်ကို နှေးကွေးစေဖို့ တစ်လုပ်နှင့်တစ်လုပ်ကြား အချိန်ယူဝါးပါ။

ဖြည့်စွက်စာများများစားပါ

ဗိုက်ဆာနေတဲ့အချိန်ဆို အလွန်အကျွံမစားမိဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလိုအချိန်မှာ ကယ်လိုရီနည်းတဲ့ အမျှင်ဓာတ်များတဲ့ ပိုမိုအားဖြည့်ဖြစ်စေတဲ့ အစားအစာများကို ရွေးချယ်ပါ။

နောက်တစ်ခေါက် မစားခင်စဥ်းစားပါ

ဗိုက်ပြည့်နေပြီဆိုတာကို ဦးနှောက်က မှတ်မိဖို့ မိနစ် 20 လောက်ကြာနိုင်တာမလို့ ထမင်းပြီးသွားရင်တော့ နောက်တခုမစားခင် တကယ်ဗိုက်ဆာနေလားဆိုတာ စောင့်ကြည့်ပါ။

နောက်ကျတဲ့အထိ မနေပါနဲ့

အိပ်ရေးပျက်တာက အစာစားချင်စိတ်ဟော်မုန်းတွေကို ထိခိုက်စေပြီး ဆာလောင်မှုနဲ့ အစာစားချင်စိတ်ကို တိုးလာစေတယ်။ ဒါကြောင့် နောက်ကျတဲ့အထိ မနေဘဲ စောစောအိပ်ပါ။

ရေသောက်ဖို့မမေ့ပါနဲ့

တစ်နေ့တာလုံး လုံလောက်တဲ့ ရေပမာဏကို သောက်သုံးတာက ခန္ဓာကိုယ်အတွက် ရေဓာတ်ပြည့်စေသလို အစာစားချင်ကိုလည်း လျော့ကျစေတာမလို့ အလွန်အကျွံစားဖြစ်တာကိုလည်း လျှော့ချနိုင်ပါတယ်။