ဆံသားပြတ်ကျတဲ့အခါ ဆံသားက ကြည့်မကောင်းဘဲ မညီမညာနဲ့ ဖွာလန်ကျဲနေတတ်ပါတယ်။ သင်က ဒီလို ဆံသားမျိုး ပိုင်ဆိုင်ထားရင် စိတ်အနှောင့်အယှက်ဖြစ်မှာပါ။ ဆံသားပြတ်ကျတာက ဦးရေပြား ခြောက်သွေ့တဲ့အချိန်နဲ့ ဆံသား ပျက်စီးလာတဲ့အချိန်မှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။

ဒီဆံသား ပြတ်ကျတဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် ငွေအကုန်အကျ မများတဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ အုန်းဆီ

အုန်းဆီမှာ ပါဝင်တဲ့ Lauric acid က မှိုစွဲ (ဗောက်ထ) တာကို တိုက်ထုတ်ပေးပြီး ဆံသားကို အစိုဓာတ်ပေးပါတယ်။ အုန်းဆီကို ဦးရေပြား အနှံ့လိမ်းပြီး နှပ်ထားကာ Shower Cap စောင်းပေးရပါမယ်။ ၂ နာရီကနေ ၃ နာရီ ဒါမှမဟုတ် တစ်ည ထားပြီးနောက် ခေါင်းလျှော်ချပေးရပါမယ်။ တစ်ပတ် တစ်ကြိမ်လုပ်ရုံနဲ့ လုံလောက်ပါတယ်။

၂။ ကြက်ဆူဆီ

ကြက်ဆူဆီရဲ့ Ricinoleic acid က ဦးရေပြား သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် ဆံသားကို အာဟာရ ဓာတ်ဖြည့်တင်းပေးကာ ဆံပင်ပြတ်တာ သက်သာစေပါတယ်။ ကြက်ဆူဆီ တစ်ဇွန်းနဲ့ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ တစ်ဇွန်းကို ရောမွှေကာ ဦးရေပြား ပေါ် လိမ်းပေးရပါမယ်။ ၁ နာရီကနေ ၂ နာရီ ထားကာ ခေါင်းလျှော်ချပေးရပါမယ်။

၃။ Argan Oil

သင့်ဆီမှာ Argan Oil ရှိရင်လည်း အဆင်ပြေပါတယ်။ Argan Oil မှာ ပါဝင်တဲ့ Vitamins A, C, နဲ့ E က အက်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ကြွယ်ဝပါတယ်။ ဆံပင်ပျက်စီးတာ သက်သာစေပြီး ဆံသား စိုပြေစေပါတယ်။ 100% Argan Oil ကို လက်ဖဝါးပေါ် တင်ပြီး ပွတ်ကာ သင့်ဦးရေပြားပေါ် လိမ်းပေးရပါမယ်။ ၁ နာရီကနေ ၂ နာရီ ထားပြီးနောက် ရေဆေးချနိုင်ပါတယ်။

၄။ Green Tea

Green Tea က ဆံပင်အရှည် မြန်စေတဲ့အပြင် ဆံပင်ပါးတာကိုပါ သက်သာစေပါတယ်။ Green Tea အမှုန့် တစ်ဇွန်းနဲ့ အုန်းဆီ တစ်ဇွန်း ရောပေးရပါမယ်။ ပြီးနောက် ဒါကို ဦးရေပြားပေါ် လိမ်းကာ ၁၀ မိနစ်ထားပေးရပါမယ်။ ရေအေးအေးလေးနဲ့ ခေါင်းပြန်လျှော်ပေးရပါမယ်။

၅။ ကြက်ဥ

ကြက်ဥမှာ ဆံသားအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ် များစွာ ပါဝင်နေပါတယ်။ ဒီနည်းလမ်းအတွက် ကြက်ဥ အကာ နှစ်လုံး၊ သံလွင်ဆီ နှစ်ဇွန်း၊ နို့တစ်ခွက်နဲ့ သံပယိုရည် အနည်းငယ် လိုအပ်ပါတယ်။ ဒီအရောကို ဦးရေပြားပေါ် လိမ်းပြီးနောက် နာရီဝက် ထားနိုင်ပါတယ်။ ပြီးနောက် ခေါင်းလျှော်ပေးရပါမယ်။ ဒီကြက်ဥ နည်းလမ်းကို တစ်လမှာ နှစ်ကြိမ်ကနေ သုံးကြိမ် လုပ်ပေးနိုင်ပါတယ်။

၆။ Apple Cider Vinegar

ပန်းသီးရှာလကာရည်က ဆံသားခြောက်ပြီး ပျက်စီးတာကို သက်သာစေပါတယ်။ ပန်းသီးရှာလကာရည် တစ်ဇွန်းနဲ့ ရေနှစ်ခွက် ရောပေးရပါမယ်။ ဒီအရည်ကို ရှန်ပူသုံးပြီးနောက် ရေဆေးချတဲ့အခါ ရေအစား သုံးပေးနိုင်ပါတယ်။ တစ်ပတ်မှာ တစ်ကြိမ် လုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar