အထူးသဖြင့် မိန်းကလေးတော်တော်များများက အဝတ်အစားတွေကို ဘယ်လောက်ဝယ်ဝယ် ဝတ်စရာမရှိဘူးဆိုပြီး ထပ်ဝယ်ကြတာပါပဲ။ အပြင်သွားတိုင်း လှတာတွေ့ရင်ဝယ်လိုက်၊ အွန်လိုင်းရှော့ပင်းတွေကနေ ခဏခဏ အဝတ်အစားတွေဝယ်လိုက်မိတာတွေကြောင့်ပဲ ပိုက်ဆံမစုဖြစ်တာမျိုးတွေ ဖြစ်ကြတာများပါတယ်။ ဒါကြောင့် အဝတ်အစားတွေကို မလိုအပ်ပဲ အများကြီးမဝယ်မိအောင် ထိန်းချုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။

ကန့်သတ်ထားပါ

အဝတ်အစားကို တစ်လ တစ်ထည်ပဲဝယ်မယ်၊ နှစ်လ တစ်ထည်ပဲဝယ်မယ် စသဖြင့် သတ်မှတ်ထားပါ။ သတ်မှတ်ထားတဲ့အတိုင်းပဲဝယ်ပါ။ ပိုမဝယ်ပါနဲ့။

ပိုက်ဆံစုဖြစ်အောင်စုပါ

ပိုက်ဆံကိုစုဖြစ်အောင်စုပါ။ မစုရင် တွေ့တာနဲ့ ပိုက်ဆံရှိနေတာပဲ ဒီတစ်ခါတော့ ဝယ်လိုက်ပါမယ်ဆိုပြီး ဝယ်မိသွားပါလိမ့်မယ်။ ဒါကြောင့် တစ်လ တစ်ထည်ဝယ်မယ်ဆိုရင် အဲ့အတွက် ကွက်တိပိုက်ဆံချန်ပြီး စုပါ။

စိတ်အလိုမလိုက်ပါနဲ့

ဒါလေးတွေ့တာနဲ့ဝယ်မယ်ဆိုပြီး စိတ်အလိုမလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို ပြန်ထိန်ချုပ်ပါ။ အွန်လိုင်းရှော့ပင်းတွေကို ခဏခဏဝင်ကြည့်မနေပါနဲ့။ ကျော်သွားပါ။ ဝင်ကြည့်နေလို့ကတော့ လှတာမြင်ရင် ဝယ်ချင်မယ်။ ဝယ်မိမယ်။ နောက်ဆုံး ကိုယ့်အကောင့်ထဲမှာ အွန်လိုင်းရှော့ပင်းတွေများနေရင် လျေ့ချပစ်တာမျိုးလုပ်ပါ။ တချိန်လုံး ဒါတွေပဲတက်နေရင် ဝယ်ချင်စိတ်ကို ထိန်းချုပ်ရတာ ပိုခက်ပါတယ်။

ရှိတာတွေကို ပြန်ထုတ်ဝတ်ပါ

ဝယ်ထားပြီးမဝတ်တာတွေ၊ တစ်ခါ နှစ်ခါလောက်ဝတ်ပြီး ထပ်မဝတ်ပဲ ချောင်ထိုးထားတာတွေ အကုန်လုံးကို ပြန်ပြီး ထုတ်ဝတ်ပါ။ Youtube ကနေ အသစ်တွေ ပြန်ဖန်တီးတဲ့ ဗီဒီယိုလေးတွေကြည့်ပြီး လုပ်ကြည့်ပါ။

Photo Source: www.freepik.com