လက်သည်းကိုက်တတ်တဲ့အကျင့်က အချိန်ကြာလာတာနဲ့အမျှ အကျင့်ပါသွားပါတယ်။ မကိုက်ရမနေနိုင်ဖြစ်သွားပါတယ်။ ဂနာမငြိမ်လို့ ကိုက်တာပဲဖြစ်ဖြစ် ပျင်းလို့ပဲကိုက်ကိုက် ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲက မသိလိုက်ဘဲကို ကိုက်တတ်ပါတယ်။ ဒီအကျင့်ကို သင်ကိုယ်တိုင်ပြင်မှရမှာပါ။ ဒီတော့ လက်သည်းကိုက်တဲ့အကျင့်ကို လက်တွေ့နည်းလမ်းတွေနဲ့ ပြင်ကြည့်ရအောင်-

၁။ ညှပ်နိုင်သလောက်ညှပ်ပစ်လိုက်


သင့်လက်သည်းက ရှည်နေတဲ့အချိန် ကိုက်လို့ပိုကောင်းနေပါလိမ့်မယ်။ နောက်တစ်ခါ လက်သည်းကိုက်ချင်လာတိုင်း လက်သည်းညှပ်ယူပြီး ညှပ်လို့ရသလောက်ညှပ်လိုက်ပါ။ ဒီလိုဆိုရင် ကိုက်တဲ့အချိန် ကိုက်လို့မရဖြစ်နေပါလိမ့်မယ်။

၂။ ပတ်တီးစည်းထားပါ


ကိုယ်ကိုက်နေကျ လက်ကို ပတ်တီးဒါမှမဟုတ် လက်အိတ်ဝတ်ထားပါ။ ဒီလိုကာထားတဲ့အခါ သင်ကိုက်ချင်တဲ့အချိန် ကိုက်လို့မရတော့ပါဘူး။ တိတ်အကြည်လေး ကပ်ထားလို့လည်းရပါတယ်။

၃။ သင့်လက်ကို အမြဲအလုပ်ပေးထားပါ


ကိုယ့်ဝါသနာအလိုက် လက်ကို မနားရအောင် အလုပ်ပေးထားပါ။ ကွန်ပြူတာသမားက Typing ရိုက်လို့ရပါတယ်။ သိုးမွေးထိုးလို့ရတယ်။ ပန်းချီဆွဲလို့ရတယ်။ မျိုးစုံလုပ်နေလို့ရပါတယ်။

၄။ သင့်ပါးစပ်ကိုလည်း အလုပ်ပေးထားပါ


လက်နဲ့ ပါးစပ်နဲ့ ပေါင်းစပ်ရတာမို့ ပါးစပ်ကိုလည်း မအားအောင် ထားပါ။ ကိုက်ချင်လာတိုင်း ရေသောက်ပါ။ ဒါမှမဟုတ် ပီကယ်ဝါးနေပါ။ ကိုယ့်ပါးစပ်ကို မအားလပ်ရအောင် အလုပ်ပေးထားပါ။

၅။ Hand Cream သုံးပါ

ဒီနည်းလမး်က လက်ကို နူးညံ့စေတဲ့အပြင် လက်သည်းကိုက်တဲ့အကျင့်ကိုပါ ပျောက်စေပါတယ်။ လက်သည်းကိုက်ချင်လာတဲ့အချိန်တိုင်း Hand Cream လိမ်းလိုက်ပါ။

၆။ လက်ပတ်လေးပတ်ထားပါ


လက်ပတ်လေး တစ်ခုပတ်ထားပြီး လက်သည်းကိုက်ချင်လာတဲ့အချိန်တိုင်း ဒီလက်ပတ်ကိုပဲ ကြည့်နေပါ။

၇။ ဖုန်းကိုင်နေပါ


သင့်ဖုနး်က ဒီတစ်ခါတော့ သင့်အတွက် အထောက်အကူဖြစ်သွားပါပြီ။ ဂိမ်းဆော့ပါ။ ဂိမ်းမဆော့ချင်ရင်လည်း ဖုန်းထဲမှာ စာထိုင်ရေးနေလို့ရပါတယ်။

၈။ သတိပေးစာကပ်ထားပါ


သင်မြင်နေကျ နေရာတစ်ခုမှာ လက်သည်းမကိုက်ဖို့ သတိပေးစာကပ်ထားပါ။ ဒီလိုမြင်နေရတဲ့အခါ သင်ကိုက်ဖို့ ပြင်တိုင်း ဒါကို သတိရနေမှာပါ။

Source: Brightside.me

By MyStyle Myanmar