အားလုံးပဲမင်္ဂလာပါနော်။ ကိုယ်ကြိုက်နှစ်သက်တဲ့အစားအစာတွေ စားရမှာ သဘောကျပေမယ့် ကျန်းမာရေးနဲ့ အလှအပအတွက် လေ့ကျင့်ခန်းဆိုရင် သိပ်ပြီးမလုပ်ချင်ကြပါဘူး။

စိတ်ပိုင်းဖြတ်ပြီးရင် ခဏပဲ ဆော့ဖြစ်ပြီး ပြီးကျတော့လည်း ပျင်းသွားတတ်ကြတာများပါတယ်။

ဆိုတော့ ဒီလိုမဖြစ်ရလေအောင်နဲ့ ကျန်းမာရေး အလှအပနဲ့ ပတ်သက်လို့ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ပိုပြီးထိရောက်စေဖို့ နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

၁။ အလွန်အကျွံမလုပ်ပါနဲ့

လေ့ကျင့်ခန်းလုပ်ရာမှာ မပျင်းဘဲ သင့် စိတ်ကူးထဲကအတိုင်း ခန္ဓာကိုယ်အချိုးအစားရဖို့ ဘယ်လိုလုပ်မလဲ

လေ့ကျင့်ခန်းလုပ်ရာမှာပဲဖြစ်ဖြစ် Gym ဆော့ရာမှာပဲဖြစ်ဖြစ် အလွန်အကျွံလုပ်စရာမလိုပါဘူး။

၂။ သူငယ်ချင်းနဲ့ အတူတူလေ့ကျင့်ခန်းလုပ်ပါ

သုတေသီတွေက သူငယ်ချင်းတွေနဲ့ အတူတူ လေ့ကျင့်ခန်းလုပ်တာဟာ ပိုပြီးပျော်စရာကောင်းပြီး ပိုလည်း ထိရောက်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သင်တို့အတွက်လည်း အမှတ်တရတွေ ဖြစ်စေမှာပါ။

၃။ သင့်ကိုယ်သင်ဂုဏ်ပြုပါ

သင့်ကိုယ်သင် လေ့ကျင့်ခန်းလုပ်နေတယ်။ ပိန်ချင်တယ်ဆိုပြီး ဘာမှမစားဘဲ နှိပ်စက်မနေပါနဲ့။ ကိုယ့်ကိုကိုယ် ဂုဏ်ပြုတဲ့အနေနဲ့ ဈေးဝယ်ထွက်ပါ။ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတွေစားနိုင်ပါတယ်။

၄။ လေ့ကျင့်ခန်းလုပ်ပြီးရင် အကြောလျှော့ဖို့မမေ့ပါနဲ့

ခန္ဓာကိုယ် သွေးပူလေ့ကျင့်ခန်းလုပ်ပြီးရင် ပြန်ပြီး အကြော့လျှော့ပေးဖို့ မမေ့ပါနဲ့။

၅။ တတိယပတ်အထိသည်းခံလိုက်ပါ

Gym စဆော့တဲ့အခါ ပထမဆုံး တစ်ပတ် ၂ ပတ်မှာ သိပ်ကို ခက်ခဲပါတယ်။ ကိုယ်လက်ကိုက်ခဲတာမျိုးလည်း ဖြစ်စေပြီး ပင်ပန်းစေပါတယ်။ ဒါ့ကြောင့် သည်းခံပါ။ တတိယပတ်အထိ သည်းခံလိုက်ပါ။

၆။ Gym ဆော့တာတင်မကဘဲ Diet လုပ်ပါ

ကိုယ်ဘာစားမလဲဆိုတာကို သေချာအစီအစဉ်ဆွဲပါ။ ပထမနေ့မှာ ဘာစားမလဲ။ အစောခြေစနစ်ကောင်းမွန်အောင် ဘာတွေစားမလဲဆိုတာကိုလည်း သေချာအစီအစဉ်ဆွဲပါ။

၇။ ကိုယ်ဝါသနာပါပြီး ပျော်တဲ့ လေ့ကျင့်ခန်းလုပ်ပါ

သင်စိတ်မပါတာထက် ကိုယ်တိုင်စိတ်ပါပြီး ပျော်တဲ့ လေ့ကျင့်ခန်းကို ရွေးလုပ်ပါ။

၈။ သေးသေးလေးနဲ့စပါ

လေ့ကျင့်ခန်းစလုပ်လုပ်ချင်း သေးသေးလေးနဲ့ စပါ။ စစချင်း ဘယ်သူမှ တစ်ပတ်ကို တစ်နေ့ ၂ နာရီနဲ့ ၅ ရက်တိတိ မဆော့နိုင်ကြပါဘူး။ ဒါ့ကြောင့် ကိုယ်တတ်နိုင်သလောက် စဆော့ပါ။

၉။ စစ်မှန်တဲ့ ပန်းတိုင်ထားပါ

တကယ်ဖြစ်နိုင်ပြီး သင်ကိုယ်တိုင် ဖြစ်ချင်တဲ့ စစ်မှန်တဲ့ ပန်းတိုင်ထားပါ။ စိတ်ကိုသေချာဆုံးဖြတ်ပါ။

Source: www.brightside.me