တချို့ကျတော့ တစ်ယောက်ထဲသီးသန့်နေရတာမျိုး၊ အပြင်လည်းသိပ်မသွားပဲ အိမ်မှာ တစ်ယောက်ထဲ အေးအေးဆေးဆေး နေရတာမျိုးကို သဘောကျကြတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ ဒီလိုတစ်ယောက်တည်းနေရတာက ပျင်းဖို့ကောင်းပါတယ်။ ဒါကြောင့် တစ်ယောက်ထဲ နေရတာ ကြိုက်တဲ့သူတွေအတွက် အိမ်မှာမပျင်းအောင်နေနည်းကို ပြောပြပေးချင်ပါတယ်။ အပြင်မသွားရလို့ ပျင်းနေတဲ့သူတွေအတွက်လည်း ဒါလေးက အသုံးဝင်မယ်လို့ ထင်ပါတယ်။
စာအုပ်ဖတ်ပါ
တစ်ယောက်ထဲနေပြီး အေးအေးဆေးဆေး စာအုပ်လေးဖတ်လိုက်၊ ကော်ဖီလေးသောက်လိုက်၊ သီချင်းလေးနားထောင်လိုက်နဲ့ နေရတာက စိတ်ကျေနပ်ဖို့ အရမ်းကောင်းပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိစေသလို အပျင်းလည်း ပြေစေပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
အပျင်းလည်းပြေပြီး ကိုယ်တိုင်လည်း လှပနေဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်လည်း အရင်ထက်ပိုလှလာမယ်။ ချွေးပုပ်တွေထွက်တဲ့အတွက် အသားအရည်လည်း ကြည်လင်လာမယ်။ ကိုယ်လက်ပေါ့ပါးပြီး စိတ်ကြည်လင်စေတယ်။ လန်းဆန်းတက်ကြွစေပါတယ်။
မုန့်လုပ်စားပါ
တစ်ယောက်ထဲနေပြီး မပျင်းရအောင် ကိုယ်စားချင်တဲ့မုန့်လေးတွေကို လေ့လာပြီး ကိုယ်တိုင်လုပ်စားကြည့်ပါ။ စိတ်ကျေနပ်ပျော်ရွှင်ရပါလိမ့်မယ်။ ပျင်းဖို့နေနေသာသာ အချိန်တောင် ဘယ်လိုကုန်သွားမှန်း သိမှာမဟုတ်ပါဘူး။
ရုပ်ရှင်ကြည့်ပါ (သို့) တစ်ခုခုကိုလေ့လာပါ
ရုပ်ရှင်ကြည့်ရင်လည်း အပျင်းပြေစေသလို ၊ ကိုယ်ဝါသနာပါတာ တစ်ခုခုကို လေ့လာရတာလည်း ကိုယ့်အတွက် အကျိုးရှိစေပါတယ်။ တစ်ချိန်လုံး အိပ်ယာပေါ်တော့ လှဲမနေပါနဲ့။ လေ့လာမယ်ဆိုလည်း သေချာ တစ်စိုက်မတ်မတ်လုပ်ကြည့်ပါ။ ရုပ်ရှင်ကြည့်မယ်ဆိုလည်း တစ်နေကုန်တော့ မကြည့်ပါနဲ့။ ခေါင်းမကြည်မလင်ဖြစ်ပြီး လူလည်းနုံးပါတယ်။
Photo source: www.freepik.com