အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ အသည်းကွဲဝေဒနာခံစားဖူးတဲ့သူ ဘယ်နှယောက်လောက် ရှိမလဲမသိဘူးနော်။ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံရတဲ့အခါ၊ ချစ်သူနှစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အခါ ဘယ်လိုမှ ညှိနှိုင်းမရတော့ဘဲ ကိုယ့်လမ်းကိုယ်လျှောက်ဆိုပြီး ဆုံးဖြတ်လိုက်ရတဲ့စုံတွဲတွေ၊ နှစ်ရှည်လများတွဲလာပြီးမှ လမ်းခွဲလိုက်ရတဲ့အခါ နောက်တစ်ခေါက်ထပ်ချစ်ဖို့ကို လူတော်တော်များများက စိုးထိတ်ကြပါတယ်။

နောက်တစ်ခါထပ်ချစ်ရင်လည်း အခုလိုအသည်းထပ်ကွဲမှာကို ကြောက်ကြတာပေါ့။ ဒါ့ကြောင့် အချစ်ကို ကြောက်ရွံ့သွားသူတွေအတွက် အချစ်သစ်နဲ့ ထပ်တွေ့တဲ့အခါ မကြောက်သွားဖို့ ဘယ်လိုစိတ်ထားရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

အချစ်ရေးနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို ဘက်မျှနေအောင် ပြုလုပ်ပါ

တချို့လူတွေက ချစ်သူရည်းစားရသွားတဲ့အခါ သူငယ်ချင်းတွေကို အချိန်မပေးတော့ဘဲ ချစ်သူနဲ့ပဲ လျှောက်လည်ကြတော့ပါတယ်။ မတော်လို့ ချစ်သူနဲ့ လမ်းခွဲခဲ့မယ်ဆိုရင်ရော ဘယ်လိုခံစားရမလဲ။ ဒါ့ကြောင့် အထီးကျန်ဆန်မှုကို မခံစားရဖို့အတွက် ကိုယ့်ရဲ့ အချစ်ရေးနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို ဘက်မျှနေအောင် နေထိုင်သင့်ပါတယ်။

ကိုယ့်ရဲ့ ဝါသနာအတွက် အချိန်ပေးပါ

အထီးကျန်ဆန်မှုကိုလည်း မကြောက်ပါနဲ့

နှစ်ယောက်အတူတူရှိနေရင်းနဲ့မှ လမ်းခွဲလိုက်ရတဲ့အခါ တစ်ယောက်တည်းကျန်ခဲ့တော့ အထီးကျန် ဝမ်းနည်းအားငယ်လာတာပေါ့။ အချစ်သစ်ထပ်တွေ့ခဲ့မယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကို ဘယ်လိုပျော်အောင်ထားမလဲ၊ တစ်ယောက်တည်း ပျော်အောင် ဘယ်လိုနေမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားပါ။ ဒါဆို နောက်ထပ်အသည်းကွဲလည်း ဖြုံမှာမဟုတ်တော့ပါဘူး။

မိသားစုဝင်တွေနဲ့လည်း အချိန်ကုန်ဆုံးဖို့ မမေ့ပါနဲ့

အတိတ်ကအကြောင်းအရာတွေကို မေ့ပစ်နိုင်ဖို့ ကြိုးစားပါ

အချစ်သစ်က ကိုယ့်ကို ရှာဖွေတွေ့ရှိသွားတဲ့အခါ အတိတ်က ကိုယ်ဘယ်လိုခံစားခဲ့ရတာဆိုပြီး ကြေကွဲဝမ်းနည်းမနေပါနဲ့။