တစ်နေ့တာကို စိတ်ရှင်းရှင်းနဲ့ အလုပ်တွေပြီးမြောက်အောင် နေထိုင်ရတာရိုးရှင်းတဲ့အရာတော့မဟုတ်ပါဘူးနော်။ လူတွေဆိုတာက စိတ်ဓာတ်အတက်အကျ အမြဲရှိတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာကို  ဖြတ်ကျော်တဲ့အခါမှာ Positive Thinking တွေများဖို့ကလည်း လိုအပ်ပါတယ်။ ကဲ့ဒီတော့ တစ်နေ့ကို Productive ဖြစ်အောင်သူ့အချိန်နဲ့သူ ဘာတွေလုပ်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အချိိန်မှန်အိပ်ရာထပါ

မနက်ခင်းဆိုတာကလည်း လူတစ်ယောက်ကိုအပြည့်အဝပေးနိုင်တဲ့ Energy တွေ၊ Thinking တွေကလည်း အသစ်အဆန်းတွေဖြစ်နေပါလိမ့်မယ်။ မနက်စောစောထခြင်းကလည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့အတွက်လည်း အိပ်ရာထချိန်ကိုသတ်မှတ်ထားပြီး ပုံမှန်အလေ့အထဖြစ်အောင်ကြိုးစားပေးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

အခုလို အချိန်မျိုးမှာလေ့ကျင့်ခန်းလုပ်ပေးခြင်းက ကိုယ်ခံအားကောင်းမွန်စေပြီး ခန္ဓာကိုယ်မှာချွေးတွေထွက်သွားရင်လည်း နေလို့ကောင်းပြီးပေါ့ပါးစေနိုင်တဲ့အတွက် လေ့ကျင့်ခန်းကိုတစ်နေ့ကို အနည်းဆုံး၂ နာရီလောက် အချိန်ပေးသင့်ပါတယ်။

အစားအချိန်မှန်စားပါ

အစားစားချိန်မမှန်ရင်လည်း စိတ်ဓာတ်ကျလွယ်တတ်ပါတယ်။ အစားကခန္ဓာကိုယ်မှာရှိတဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့အတွက် အစားစားချိန်မှန်အောင် လုပ်ပါနော်။

စာဖတ်ပါ

စာဖတ်ခြင်းအလေ့အထက ဦးနှောက်ကို အသိတိုးစေတဲ့အလေ့အထတစ်ခုဖြစ်တဲ့အတွက် တစ်နေ့ကိုကိုယ်ဖတ်ချင်တဲ့ စာအုပ်ရဲ့စာမျက်နှာ ၁၅ရွက်လောက်ကတော့ဖတ်ပေးသင့်ပါတယ်။နေ့ခင်းဘက်မအားရင်တောင် ညအိပ်ရာဝင်ခါနီး ဖတ်ဖို့အကြံပေးချင်ပါတယ်။

Photo Source – Free.pik