စိတ်ညစ်စရာတွေ၊ သောကတွေနဲ့ ကြုံတွေ့ပြီးနောက် နေ့သစ်တစ်နေ့က သင့်ကို အမြဲ စောင့်ကြိုနေတတ်ပါတယ်။ လူ့ဘဝဆိုတာက ပြင်ပပတ်ဝန်းကျင်က ကောင်းတာတွေကော ဆိုးတာတွေပါ သင့်ဆီ ရောက်လာတတ်ပါတယ်။ ဒီအရာတွေကို သင့်အတွေးက ဘယ်လို သတ်မှတ်သလဲ အပေါ် မူတည်နေတတ်ပါတယ်။ သင်က လက်ရှိ စိတ်ညစ်စရာတွေနဲ့ ကြုံနေရတယ်ဆိုရင်တော့ ဒီအချက်တွေအတိုင်း ကျင့်သုံးပြီး အကောင်းဆုံး နေ့တစ်နေ့ကို စတင်ဖို့ ပြင်ဆင်လိုက်ပါနော်-

၁။ အဆိပ်အတောက်နဲ့တူတဲ့ သူငယ်ချင်းတွေကို အဆက်အသွယ်ဖြတ်ပါ

သင့်ဘက်က ခင်ပေမယ့် သူတို့ဘက်က သင့်ကို လိုမှ လာပေါင်းတတ်တဲ့ သူငယ်ချင်းတွေကို အဆက်အသွယ် ဖြတ်သင့်ပါတယ်။ ကိုယ့်အကြောင်း နောက်ကွယ်မှာ အတင်းပြောတတ်တဲ့ မိတ်ဆွေတွေကို ခေါက်ထားသင့်ပါတယ်။ ကိုယ့်စိတ်ကို အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ သူငယ်ချင်းမှန်သမျှကို အဆက်အသွယ် ဖြတ်သင့်ပါတယ်။

၂။ မနက်စောစောထပါ

သင်က တစ်နေ့တာ စိတ်ပျက်စရာတွေ ကြုံရပြီး နောက်တစ်နေ့မှာ မနက် စောစော ထသင့်ပါတယ်။ မနက်စောစော နိုးတာကြောင့် ကိုယ့်အတွက် အချိန်ပိုရစေပါတယ်။

၃။ အိပ်ယာသိမ်းပါ

ကိုယ့်ရဲ့ အနားယူရာ အိပ်ယာကို သန့်ရှင်းအောင် ထားသင့်ပါတယ်။ သင့်အိပ်ယာက သပ်ရပ်နေတာကြောင့် ပိုစိတ်ချမ်းသာလာပါလိမ့်မယ်။

၄။ ကိုယ့်အခန်းကို ပြန်အလှဆင်ပါ

သင့်ရဲ့ သီးသန့် နေရာတစ်ခုကို ပြန်လည် အလှဆင် မွမ်းမံသင့်ပါတယ်။ ဒီလို ပြန်လည် ပြင်ဆင်လိုက်တာကြောင့် သင့်ဘဝကို အစက စတင်ရသလို ခံစားနေရပါလိမ့်မယ်။

၅။ အသီးအရွက်စားပါ

အသီးအရွက်များများ စားတာကြောင့် သင်နဂိုကထက် ပိုကျန်းမာပြီး ပေါ့ပါးသွက်လက်လာပါလိမ့်မယ်။

၆။ ရေများများ သောက်ပေးပါ

ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ရေသောက်ဖို့ မမေ့သင့်ပါဘူး။ ရေများများ သောက်ပေးတာကြောင့် သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြယ်သွားပါလိမ့်မယ်။

၇။ စာအုပ်ဖတ်ပါ

သင့်တစ်နေ့တာနဲ့ သင့်ကိုယ်သင် အစကနေ စတင်ဖို့ အသိဉာဏ် ဗဟုသုတ ဖြည့်ပေးသင့်ပါတယ်။ အတွေးကျယ်ပြန့်လာတာကြောင့် အရင်ကထက် ပိုရင့်ကျက်လာပါလိမ့်မယ်။

၈။ သင့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို စာရင်းချရေးပါ

သင့်ကို ဘယ်အရာတွေက ပျော်ရွှင်စေလဲ စာရင်းချရေးသင့်ပါတယ်။ ဒါတွေကို တစ်နေ့ တစ်မျိုး လုပ်ပေးသင့်ပါတယ်။

၉။ အနာဂတ်မှာ ဘာဖြစ်ချင်လဲ

အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့ အရာကို ပုံဖော်သင့်ပါတယ်။ ဒါကို တစ်စိုက်မက်မက် ကြိုးစား လုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar