ယေဘုယျအားဖြင့် ကိုယ့်အကျိုး လိုလားသူ အများစုက မိတ်ဆွေကောင်းတွေ ဖြစ်ပြီး ကိုယ်အောင်မြင်ရင် မနာလို ဝန်တိုသူတွေက မိတ်ဆွေတုတွေ ဖြစ်နေတတ်ပါတယ်။ သင့်ဘက်က ခင်မင်ပြီး စိတ်ရင်းနဲ့ ပေါင်းခဲ့ရင်တောင် သူတို့တွေက သင့်အတွက် စိတ်ကောင်း မထားနိုင်သူတွေ ဖြစ်ပါတယ်။ ကိုယ်နဲ့ အနီးကပ်ပေါင်းနေတဲ့သူ တွေထဲမှာတောင် ဒီလိုလူတွေ ပါဝင်နေတတ်ပါတယ်။ တချို့တွေက ဟန်ဆောင်ကောင်းလွန်းတာကြောင့် အပေါ်ယံနဲ့ လုံးဝ ခွဲခြားမရတဲ့ သူတွေတောင် ရှိပါတယ်။

ဒီတစ်ခေါက် ဖော်ပြတဲ့ အချက်တွေကတော့ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းပါစေ Fake Friend ဟုတ် မဟုတ် သိနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။

၁။ သင့်အောင်မြင်မှုအတွက် မပျော်နိုင်ကြဘူး

သင် တစ်နေရာရာမှာ အလုပ်ကောင်း ရသွားတယ်၊ အောင်မြင်သွားခဲ့မယ် ဆိုရင် မိတ်ဆွေတုတွေက ဒါကို မပျော်ပေးနိုင်ကြပါဘူး။ သူတို့မျက်နှာကို ကြည့်ရင် အလွယ်တကူ ဖတ်နိုင်ပါတယ်။ အပြင်ပန်း Congratulations ပြောနေရင်တောင် စိတ်ထဲက ကြိတ်ပြီး မနာလိုနေသူတွေ ဖြစ်ပါတယ်။

၂။ သင်နဲ့ လိုက်ပြိုင်တယ်

ဥပမာ သင်နဲ့သူက တခြား သူငယ်ချင်း တစ်ယောက်ကို ဓာတ်ပုံရိုက်ပေးရတယ် ထားပါတော့။ ဒီလိုဆိုရင် သင်ရိုက်ပေးတဲ့ ပုံနဲ့ သူရိုက်ပေးတဲ့ ပုံမှာ သူ့ပုံက ပိုလှကြောင်း၊ သူက ဓာတ်ပုံပိုရိုက်တတ်ကြောင်း အမြဲ သိသာအောင် ပြောတတ်ပါတယ်။ သင်နဲ့ သူက ပြိုင်ပွဲတစ်ခု ပြိုင်နေရသလို သင့်ထက် အမြဲသာချင်နေတတ်ပါတယ်။

Photo Source: Wallsheaven

၃။ ပုံစံပြောင်းလွယ်တယ်

သင့်ကို လူမရှိတဲ့ အခါ ဆက်ဆံပုံနဲ့ လူတွေ သင်တို့နှစ်ယောက်အနားရှိတဲ့ အခါ ဆက်ဆံပုံ မတူပါဘူး။ လူအများရှေ့ သူ့အပြုအမူနဲ့ သင့်နား ရှိတဲ့ အချိန် သူ့အပြုအမူကို ယှဉ်ကြည့်နိုင်ပါတယ်။ ယှဉ်ကြည့်လိုက်ရုံနဲ့ Fake Friend ဟုတ် မဟုတ် သိနိုင်ပါတယ်။

၄။ သင်လိုအပ်တဲ့အချိန် အရောက်မလာနိုင်ဘူး

သင် သူတို့ကို လိုအပ်နေတဲ့အချိန်ဆိုရင် သူတို့က ဘယ်ပျောက်သွားမှန်း မသိနိုင်ပါဘူး။ သူတို့ လိုအပ်တဲ့အချိန်မှ သင့်ကို လာရှာတတ်ပါတယ်။ သင်အထီးကျန်နေတဲ့အချိန်မှာလည်း သူတို့ အနားမှာ မရှိပါဘူး။

Photo source: Depositphotos

၅။ ဘယ်တော့မှ စာစ မပို့ဘူး

သူတို့ စာပို့တဲ့ အချိန်က သင့်ကို လိုအပ်တဲ့ အချိန်မှပါ။ မဟုတ်ရင် သင့်ကို ရှိတယ်လို့တောင် မသတ်မှတ်ထားပါဘူး။ သင့်အကူအညီ လိုအပ်တဲ့အချိန်မှ စာ စပို့တတ်ပါတယ်။ မဟုတ်ရင် သင်ကပဲ သွားခေါ်နေရတတ်ပါတယ်။

၆။ သင့်ကို ဖိတ်ကြားခြင်းမရှိဘူး

မိတ်ဆွေတု Fake Friend တွေက အစီအစဉ်တစ်ခုခု ရှိရင် သင့်ကို အသိမပေးဘဲ၊ မတိုင်ပင်ဘဲ သူတို့ လုပ်ချင်တာ လုပ်ပါတယ်။ သူတို့ရဲ့ ပွဲတွေ၊ ထူးခြားတဲ့နေ့တွေမှာတောင် သင့်ကို မေ့နေတတ်ပါတယ်။

Photo Source: Natasha Adamo

၇။ သူတို့ ပြဿနာကိုပဲ ပြောဖော်ရတယ်

သင့်အကြောင်းကို သူတို့က စိတ်မဝင်စားပါဘူး။ သူတို့ရဲ့ နေ့စဉ်ပြဿနာတွေ၊ ဒုက္ခတွေကိုပဲ သင့်ဆီမှာ ရင်ဖွင့်ပါတယ်။ သင့်အကြောင်း ပြောပြရင်တောင် သူတို့က ဂရုတစိုက် နားထောင်လေ့မရှိပါဘူး။

လိုချင်တာကို ရအောင် လုပ်သင့်သလို လက်လွှတ်သင့်တာကိုလည်း လက်လွှတ်နိုင်ရပါမယ်။ သင့်ဘဝမှာ Fake Friend တွေနဲ့ ဆုံနေရရင် သူတို့ကို လက်လွှတ်ဖို့ ဝန်မလေး သင့်ပါဘူး။

By MyStyle Myanmar