မင်္ဂလာပါရှင်။ မနေ့ကမှ ခေါင်းလျှော်တယ်။ ဒီနေ့ခေါင်းနံနေပြီ။ ခေါင်းတွေယားနေပြီ။ ဒီလိုဦးရေပြားပြဿနာတွေ ပျိုမေတို့ ရင်ဆိုင်နေရပြီလား။ ခေါင်းအနံ့ထွက်တာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဘတ်တီးရီးယားပိုးဝင်တာကြောင့် မှိုနဲ့ဆိုင်တဲ့ ပိုးဝင်တာကြောင့် ချွေးထွက်လွန်လို့ အဆီပြန်လို့ ပတ်ဝန်းကျင်ညစ်ညမ်းလို့ ဟော်မုန်းမမျှတတာကြောင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။

အဆီပြန်တဲ့ဆံပင်က အနံ့ထွက်တာပိုမြန်ပါတယ်။ ဘာလို့လဲဆိုတော့ ဦးရေပြားက အဆီက ပတ်ဝန်းကျင်က အညစ်အကြေးတွေနဲ့ အနံ့ဆိုးတွေကို ပိုယူနိုင်လို့ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာကလည်း ခေါင်းနံ့ထွက်စေတဲ့ အကြောင်းတစ်မျိုးပါ။ ဒါကြောင့်အနံ့ထွက်တာမြန်တဲ့ ဦးရေပြားပြဿနာကို ဖြေရှင်းဖို့ အိမ်တွင်းနည်းလမ်းတွေကို တင်ပြလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူအဆီ

Source: Grace Ngo Foundation

ဆံပင်အနံ့ကို ဖယ်ရှားဖို့အတွက် ကြက်သွန်ဖြူက ဘုရင်တစ်ပါးပါပဲ။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူမှာ မှိုသတ်ပေးနိုင်တဲ့ ဆာလ်ဖာပါဝင်တာကြောင့်ပါ။ ဆာလ်ဖာဓာတ်က ဦးရေပြားအနံ့ကိုဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်နိုင်စွမ်းရှိပါတယ်။ ကြက်သွန်ဖြူဆီပြုလုပ်နည်း- ကြက်သွန်ဖြူ သုံးလေးမွှာလောက်ကို အုန်းဆီခွက်တစ်ဝက်နဲ့ ရောပြီး အပူပေးပါ။ ပြီးတာနဲ့ ဒီဆီအရောထဲကို ဂွမ်းလုံးနှစ်ပေးပါ။ နှစ်ထားတဲ့ဂွမ်းလုံးကို ဦးရေပြားပေါ်လိမ်းပေးပါ။ ဆီစိမ့်ဝင်အောင် နှိပ်နယ်ပေးပါ။ မိနစ် ၂၀-၃၀ ထားပေးပါ။ ဓာတုပစ္စည်းနည်းတဲ့ ရှန်ပူအပျော့နဲ့ ခေါင်းလျှော်ပေးပါ။ ဒါကို တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

၂။ Tea Tree အဆီ

Source: The Body Shop

Tea Tree အဆီက ဦးရေပြားယားယံတာနဲ့ ဆံပင်ကပ်စေးစေးဖြစ်တာကို လျှော့ချပေးပါတယ်။ ဗောက်ဖယ်ရှားပေးပါတယ်။ Tea Tree အဆီကို ရေတစ်ခွက်နဲ့ရောပါ။ ဦးရေပြားပေါ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာထားပေးပါ။ ပြီးတာနဲ့ ရှန်ပူအပျော့နဲ့ လျှော်ပါ။ ဒါကိုလည်း တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

၃။ ပန်းသီးရှာလကာရည်

Source: hellogiggles.com

ပန်းသီးရှာလကာရည်က ဦးရေပြားအနံ့ထွက်စေတဲ့ ခေါင်းအဆီကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆံသား တောက်ပစေပြီး ဦးရေပြား pH အဆင့်ကို မျှတအောင် ထိန်းပေးပါတယ်။ပြုလုပ်နည်း- ပန်းသီးရှာလကာရည် ခွက်တစ်ဝက်၊ essential oil နှစ်စက် သုံးစက်နဲ့ ပေါင်းခံထားတဲ့ရေကို ခွက်တစ်ခွက်မှာ ရောပေးပါ။ ပြီးတာနဲ့ အရည်ဖြန်းလို့ရတဲ့ စပရေးဘူးထဲ ထည့်ပေးပါ။ ခေါင်းတစ်ခုလုံးကို နှံ့အောင်ဖြန်းပေးပါ။ ၅မိနစ်ကနေ ၁၀ မိနစ်ထိထားပေးပါ။ ပြီးတာနဲ့ ရေနဲ့ ဆေးချလိုက်ပါ။

၄။ သံပယိုရေ

Source: iFOODreal

သံပယိုသီးအရည်က ဗောက်ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ဆံပင်ကိုတောက်ပစေပါတယ်။ သံပယိုရေလက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေတစ်ခွက်ထဲရောပါ။ ခေါင်းလျေျာ်ပြီးတဲ့အချိန် ဒီသံပယိုနဲ့ရေ အရောကို ဦးရေပြားနဲ့ ဆံပင်ပေါ်လိမ်းပါ။ မိနစ်အနည်းငယ်ထားပါ။ ပြီးတာနဲ့ ရေနဲ့ဆေးချလိုက်ပါ။ ဒါကို တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ထိပြုလုပ်နိုင်ပါတယ်။

၅။ ခရမ်းချဉ်သီးဖျော်ရည်

Source: Naturally Curly

ခရမ်းချဉ်သီးတစ်လုံးကို ယူပြီး ခရမ်းချဉ်သီးအဖတ်တွေကို ညှစ်ချပါ။ ဒီအရည်ကို ဆံပင်ပေါ်တင်ပြီး နှိပ်နယ်ပေးပါ။ ၂၀-၃၀ မိနစ် ထားပါ။ ပြီးတာနဲ့ ရေနဲ့ဆေးချပါ။ ဒါကိုလည်း တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ထိပြုလုပ်နိုင်ပါတယ်။

၆။ ကြက်သွန်နီရေ

Source: healthfundaa.com

ကြက်သွန်နီက အနံ့ဆိုးကို ဖယ်ရှားပေးတဲ့အပြင် ဆံပင်အရှည်မြန်စေပါတယ်။ ကြက်သွန်နီကို ဖျော်စက်နဲ့ ဖျော်လိုက်ပါ။ သူ့အရည်ကို ထုတ်ယူနိုင်အောင်လို့ပါ။ ကြက်သွန်နီရေကို ဦးရေပြားပေါ်တင်ပြီး ငြင်သာစွာ နှိပ်နယ်ပေးပါ။ မိနစ် သုံးဆယ်ထားပါ။ ပြီးရင် ရှန်ပူနဲ့ လျှော်ပါ။ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်ထိ ပြုလုပ်နိုင်ပါတယ်။

၇။ ပျော့ဆေးမသုံး သီအိုရီ

ဆိုလိုတာက ဆံပင်ပျော့ဆေးကို ဦးရေပြားပေါ်မလိမ်းတာပါ။ ဆံပင်သားကိုပဲ လိမ်းပေးပါ။ ဦးရေပြားပေါ် ပျော့ဆေးတင်တာက ပိုးမွှားပေါက်ဖို့ အာဟာရပေးနေတာနဲ့ တူပါတယ်။

၈။ ရှားစောင်းလတ်ပတ်ဂျယ်

Source: StyleCraze

ရှားစောင်းလတ်ပတ်က ဆံပင်ကို ပျော့ပြောင်းစေသလို အနံ့ဆိုးတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ခေါင်းလျှော်ပြီးတဲ့အချိန် ရှားစောင်းလတ်ပတ်ကို ဦးရေပြားပေါ်တင်ပြီး နှိပ်နယ်ပေးပါ။ ၁၅-၂၀မိနစ်ထားပါ။ ရေနဲ့ဆေးချပါ။ ဒါကို တစ်ပတ်မှာတစ်ခါပြုလုပ်နိုင်ပါတယ်။

၉။ မုန့်ဖုတ်ဆော်ဒါ

Source: Medical News Today

မုန့်ဖုတ်ဆော်ဒါက ခေါင်းအဆီကို လျော့ပါးစေပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ သုံးပုံတစ်ပုံရောပေးပါ။ ခေါင်းကို ရေစွတ်ပြီးတာနဲ့ ဒီအရောကို လိမ်းပေးပါ။ ၅-၁၀ မိနစ်ထားပါ။ ရေနဲ့ ဆေးချပါ။ ဒါကို တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ ဦးရေပြားအနံ့ခဏလေးနဲ့ ထွက်တာကို ကာကွယ်လိုက်ရအောင်နော်။