မိန်းကလေးတိုင်းလိုလိုက ဝိတ်ကျပြီး ကျန်းကျန်းမာမာ လှလှပပနေချင်ကြပါတယ်။ ခန္ဓာကိုယ်ကျစ်လစ်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိပြီး ဘယ်အဝတ်အစားဝတ်ဝတ် အဆင်ပြေနေတတ်ပါတယ်။ ဝိတ်တက်လာတဲ့ ပျိုမေတို့အတွက် ချက်ချင်းဝိတ်ကျဖို့က ခက်ခဲတတ်ပါတယ်။ သင့်ရဲ့ ဝိတ်ချတဲ့ Journey မှာ အောက်ဖော်ပြပါ အချက်တွေကိုပါ ပေါင်းစပ်ပြီး ထည့်လိုက်ရင်တော့ သင်အချိန်တိုအတွင်း ဝိတ်ကျလာပါလိမ့်မယ်။

၁။ ဝါသနာပါတဲ့ အားကစားတစ်ခု

ဝိတ်အမြန်ကျဖို့အတွက် လှုပ်လှုပ်ရှားရှား မနေပေးလို့ မရပါဘူး။ အားကစားတစ်ခုခု ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ သင့်ရဲ့ တစ်နေ့တာ Workout Routine ထဲ ထည့်နိုင်တာက သင်ဝါသနာပါတဲ့ အားကစားနည်းတစ်ခုခုပါ။ လမ်းလျှောက်တာ ဖြစ်နိုင်သလို ပြေးတာ၊ ကြိုးခုန်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ကတာ စသဖြင့် အားကစား ဝါသနာတစ်ခုခုကို ထည့်ပေးသင့်ပါတယ်။

၂။ အလေး မ ပါ

အလေး မ လို့ သင်မဖြစ်ချင်တဲ့ လက်မောင်းကြီးတာတွေ၊ ခန္ဓာကိုယ် ကြီးသွားတာတွေ မဖြစ်ပါဘူး။ ဒီလိုဖြစ်ဖို့က အချိန်တွေ၊ ပရိုတင်းတွေ အများကြီး ရင်းရပါတယ်။ အလေး မတဲ့အခါ သင့်ခွန်အား အရင်ထက် ပိုကောင်းလာပြီး ကိုယ်ရေစစ်ကာ ကျစ်လစ်လာပါတယ်။

၃။ Pilates Workout

Workout တွေထဲကမှ Pilate Workout ကို တစ်ပတ်မှာ ၂ ကြိမ်ကနေ သုံးကြိမ် လုပ်ပေးသင့်ပါတယ်။ Pilates ရဲ့ အကျိုးကျေးဇူးကတော့- ကြွက်သားတောင့်တင်းလာပြီး သွက်လက်ကျန်းမာစေပါတယ်။

၄။ အစားအသောက်

အစားအသောက် စားတဲ့အခါ 80/20 Rule ကို လိုက်နာသင့်ပါတယ်။ 80/20 Rule ဆိုတာကတော့ ၈၀ ရာခိုင်နှုန်းကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေ စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို ကိုယ်စားချင်တာ စားတာပါ။ ဒီလိုအချိုးနဲ့ စားပေးတာကြောင့် သင်အရင်ထက် ဝိတ်ပိုကျလာပါလိမ့်မယ်။

၅။ အဆီများတဲ့ အစားအသောက်

အဆီများတဲ့ အစားအသောက်တွေ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေထက် တကယ့် အစားအသောက်အစစ်ကို စားပေးသင့်ပါတယ်။ အစားအသောက်အစစ်ဆိုတာကတော့ အသင့်စား ဖန်တီးထားခြင်းမဟုတ်ဘဲ အသီးအရွက်တွေ၊ အစေ့အဆံတွေပဲ ဖြစ်ပါတယ်။

၆။ ဆက်ဆံရေး

သင့်ဘဝမှာ စိတ်ဖိစီးမှု များရင် အစားပိုစားမိပြီး ဝိတ်တက်မြန်စေပါတယ်။ ဝိတ်ချတာအပြင် ပြင်ပဆက်ဆံရေးတွေကလည်း သင့်ကိုယ်အလေးချိန်ကို သက်ရောက်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်တဲ့ ပတ်ဝန်းကျင်၊ လူတွေကို အဆက်ဖြတ်သင့်ပါတယ်။ သင့်ဘဝပိုကောင်းမွန်လာဖို့ စာအုပ်ပုံမှန်ဖတ်တာပါ ထည့်ပေါင်းသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar