ပျိုမေတို့အားလုံး မင်္ဂလာပါ။ သင်က ညဘက် စောစောအိပ်ပြီး မနက်စောစော ထချင်တဲ့ ဆန္ဒရှိပေမယ့် မလုပ်နိုင်ဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ညဘက်စောစောအိပ်ခြင်းက အသားအရေ အရွယ်တင်နုပျိုခြင်းရဲ့ အဓိက အရေးကြီးတဲ့အချက်ပါပဲ။ ညဘက် စောစောအိပ်ဖြစ်ချင်ရင်တော့ ဒီအကြံပြုချက်တွေကို သိထားဖို့လိုအပ်ပါတယ်။

၁။ နေ့လည် ၂ နာရီနောက်ပိုင်း ကော်ဖီမသောက်ပါနဲ့


ညဘက်က စောစောအိပ်ပျော်ဖို့ နေ့လည် တည်းက ကော်ဖီမသောက်သင့်ပါဘူး။ ကော်ဖီကို မနက်တည်းက သောက်ထားသင့်ပါတယ်။ ကဖင်းဓာတ်က သောက်ပြီးနောက် ၆ နာရီကျော်စာလောက် အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

၂။ အိပ်ချိန်ကို Alarm ပေးထားပါ


မအိပ်ခင် တစ်နာရီအလိုလောက်တည်းက လုပ်စရာရှိတာတွေကို ကြိုပြင်ဆင်ထားဖို့ Alarm ပေးထားသင့်ပါတယ်။

၃။ ရေချိုးပေးပါ


ညနေခင်းချိန်မှာ ရေချိုးတာက သင့်ကိုယ်အပူချိန်ကို လျော့ကျစေပြီး စောစောအိပ်ပျော်စေပါတယ်။

၄။ စိတ်အားထက်သန်မှုရှိပါစေ


သင်က ဘာလို့စောစောအိပ်ချင်တာလဲဆိုတဲ့ အကြောင်းပြချက်ရှိမှာပါ။ အသားအရေစိုပြေချင်လို့လား၊ မနက်မှာ လေ့ကျင့်ခန်းလုပ်ချင်လို့လား စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးရှိမှာပါ။ ဒါတွေကို ညကတည်းက စဉ်းစားပြီး စာချရေးထားသင့်ပါတယ်။

၅။ Routine တစ်ခုထားပါ


ဘယ်အချိန်မှာ သွားတိုက်မယ်၊ ဘုရားရှိခိုးမယ်၊ စာအုပ်ဖတ်မယ် စသဖြင့် ပုံမှန် Routine တစ်ခုထားပေးပါ။ လုပ်တာများလာတဲ့အခါ ဒီ Routine က သင့်အတွက် အကျင့် တစ်ခုဖြစ်သွားပါလိမ့်မယ်။

၆။ ဖုန်းမသုံးပါနဲ့


မအိပ်ခင် အနညး်ဆုုံး ၁ နာရီအလိုလောက်ကတည်းက ဖုန်းမသုံးသင့်ပါဘူး။

၇။ ဖြည်းဖြည်းချင်း ကြိုးစားပါ

ညဘက် မအိပ်တဲ့လူတစ်ယောက်က ချက်ချင်းကြီး မနက်စောစောထနိုင်ဖို့က မလွယ်ကူပါဘူး။ ဒါကြောင့် ၁၅ မိနစ်စောပြီး အိပ်ကြည့်တာက စတင်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar