အလုပ်တွေ ဖိစီးနေတဲ့ နေ့တွေအပြီးမှာ လူတိုင်းက အေးချမ်းတဲ့ညကို ပိုင်ဆိုင်ချင်ကြပါတယ်။ ကျန်းမာတဲ့ ဘဝတစ်ခုအတွက် ကောင်းမွန်စွာအိပ်စက်ခြင်းက မရှိမဖြစ်လိုအပ်ပါတယ်။ ညဘက် ကောင်းကောင်း အိပ်တာက နောက်တနေ့အတွက် ခန္ဓာကိုယ်နဲ့ စိတ်ကို ခွန်အားဖြစ်စေပါတယ်။

အရွယ်ရောက်ပြီးသူများ အတွက် အကောင်းဆုံး အိပ်ရာဝင်ချိန်က 10:00 PM ကနေ 11:00 pm ကြားပါ။ တစ်ချို့က အိပ်ရာဝင်ပြီးတာနဲ့ အိပ်ပျော်သွားကြပြီး အချို့ကတော့ တစ်ညလုံး နိုးလိုက် အိပ်လိုက်နဲ့ပါ။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ ဒီအချက်တွေကို လုပ်ကြည့်ပါ။

ပုံမှန်အိပ်ပါ

ညဘက်အိပ်မယ့်အချိန်တခုကို သတ်မှတ်ပြီး ပုံမှန်အိပ်ပေးပါ။ ဒါဆို အချိန်ကြာလာတာနဲ့အမျှ သတ်မှတ်ချိန် ရောက်တိုင်း အနားယူချိန်နီးကြောင်း န္ဓာကိုယ်က အချက်ပြပေးပါလိမ့်မယ်။

သက်တောင့်သက်သာအိပ်ပါ

ညဘက်အိပ်တဲ့အခါ အိပ်ခန်းက မဆူညံဘဲ အေးပြီး တိတ်ဆိတ်နေရင် အကောင်းဆုံးပါပဲ။ အလင်းရောင်တွေပိတ်ပြီး အခန်းထဲမှာ Essential Oils လေးဖြန်းထားတာကလည်း အိပ်ရေးဝအောင် ကူညီပေးနိုင်ပါတယ်။

Blue Light ကိုဖယ်ပါ

phone, laptop, and TV တို့က ထုတ်လွှတ်တဲ့ Blue Light က ဦးနှောက်ကို လှုံ့ဆော်ပေးတာကြောင့် ညဘက် ကောင်းကောင်းအနားယူမှုကို တားဆီးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီ အလိုမှာ အီလက်ထရွန်းနစ်ပစ္စည်းများသုံးတာကို ရှောင်ကြဥ်ပါ။

အိပ်ခါနီး အစာစားခြင်းကိုရှောင်ပါ

ဗိုက်ပြည့်ပြီးရင် အိပ်ပျော်ဖို့ ခက်တတ်ပါတယ်။ အိပ်ရာမဝင်မီ နှစ်နာရီမှ သုံးနာရီခန့်အတွင်း နောက်ဆုံး အစာစားပါ။ အိပ်ယာမဝင်ခင်မှာ ဗိုက်ဆာနေတယ်ဆိုရင် သစ်သီး ဒါမှမဟုတ် မုန့်ဟင်းခါးအနည်းငယ်လိုမျိုး ပေါ့ပေါ့ပါးပါး သရေစာစားကြည့်ပါ။

အိပ်ခါနီး ရေမသောက်ပါနဲ့

အိပ်ရာမဝင်ခင် ရေသောက်တာက ညလယ်မှာ အိပ်ယာထဖို့ သေချာသလောက်ပါဘဲ။ ဒါကြောင့် ညအိပ်ရာဝင်ချိန်မတိုင်မှီ အနည်းဆုံး နှစ်နာရီအလိုမှာ ရေကိုလုံလုံလောက်လောက်‌ သောက်ထားပါ။

အရက်နဲ့ ကဖိန်းဓာတ်ကို ရှောင်ကြဉ်ပါ

အရက်နဲ့ကဖိန်း နှစ်မျိုးစလုံးက စွမ်းအင်ကို လှုံ့ဆော်ပေးတဲ့အပြင် ဆီးအိမ်ကိုလည်း လှုံ့ဆော်ပေးတာကြောင့် ညဘက် အိပ်ပျော်ဖို့ခက်ခဲတယ်ဆိုရင် အရက်နဲ့ကဖိန်းကို အိပ်ခါနီးရှောင်ပါ။