ချွေးပေါက်တွေကျယ်နေလို့ ချွေးပေါက်ကျဉ်းအောင် လုပ်မိရာကနေ ချွေးပေါက်တွေက ပိုပြီးကျယ်သွားတာမျိုး ကြုံဖူးမယ်ထင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ သင်လုပ်နေတဲ့အရာတွေက မှားယွင်းနေလို့ပါပဲ။ ဒါကြောင့် မှားနေတာရှိရင်လည်း ပြင်လို့ရအောင် ချွေးပေါက်တွေပိုကျယ်သွားအောင် တော်တော်များများ လုပ်နေမိတဲ့အရာတွေကို ‌ပြန်လည်ဆင်ခြင်နိုင်စေဖို့ ဝေမျှပေးလိုက်ပါတယ်နော်…

ဆားဝက်ခြံ၊ အဆီဖုနဲ့ ဆားဝက်ခြံတွေကို အတင်းညှစ်တာ

ဆားဝက်ခြံ၊ အဆီဖုနဲ့ ဆားဝက်ခြံတွေကို လက်နဲ့ အတင်းညှစ်တာ၊ ဝက်ခြံညှစ်တဲ့အတံနဲ့ ထိုးဆွပြီး ညှစ်တာမျိုးတွေက ချွေးပေါက်တွေ ပိုကျယ်လာစေပါတယ်။ ဆားဝက်ခြံကပ်ခွာတွေသုံးတာလည်း ချက်ချင်းပြောင်သွားပေမယ့် ခဏခဏလုပ်ရင် ချွေးပေါက်တွေ ပိုကျယ်လာပါတယ်။

Sunscreen မလိမ်းတာ

Sunscreen မလိမ်းလို့ ကောင်းတာ တစ်ခုမှမရှိပါဘူး။ Sunscreen မလိမ်းရင် အသားအရေပျက်စီးလာမယ်။ တင်းတိတ်၊ မှဲ့ခြောက်တွေ ထွက်လာမယ်၊ အရေးအကြောင်းတွေ စောစောဖြစ်မယ်၊ ချွေးပေါက်တွေလည်း ပိုကျယ်လာပါလိမ့်မယ်။

အဆီစုပ်စက္ကူခဏခဏသုံးတာ

အဆီပြန်တယ်ဆိုပြီး အဆီစုပ်စက္ကူတွေသုံးရင် အဆီတွေပါသွားပေမယ့် ခဏခဏသုံးရင်တော့ ချွေးပေါက်တွေ ပိုကျယ်လာပါတယ်။

Exfoliate ခဏခဏလုပ်တာ

Exfoliate လုပ်တာက မျက်နှာသန့်သွားတယ်၊ ဆဲလ်သေတွေပါသွားတယ်ဆိုပေမယ့် တစ်ပတ်မှာ တစ်ခါပဲလုပ်တာ ပိုကောင်းပါတယ်။ ခဏခဏလုပ်ရင် ချွေးပေါက်တွေကျယ်ပြီး အသားခြောက်လာပါလိမ့်မယ်။

Source: Brightside