အသက်အရွယ်တစ်ခုရောက်လာရင် ခန္ဓာကိုယ်အမျိုးအစားပေါ် မူတည်ပြီး တင်ပါးတစ်ဝိုက်မှာ အဆီတွေတက်လာနိုင်ပါတယ်။ တင်ပါးဆုံကအဆီပိုတွေကို ဘယ်လို ပျောက်အောင် လုပ်ရမလဲဆိုမသိရင် အခုဖော်ပြမယ့်အချက်တွေကို အိမ်မှာနေရင်းလုပ်ကြည့်ပါ။

Calories တွက်ပါ

အစားစားတဲ့အခါ Calories တွက်စားတာက Calories များတဲ့အစားအစာတွေကို မစားမိအောင် တားဆီးပေးနိုင်ပါတယ်။ သကြားဓာတ်နဲ့ ဆိုဒီယမ်များတဲ့ အစားအစာများ၊ ကြော်ထားတဲ့ အစားအစာများနဲ့ သစ်သီးဖျော်ရည်များကို ရှောင်ပါ။ အသီးအနှံများများစားပြီး Green Tea နဲ့ Herbal Tea သောက်ပေးပါ။

ရေသောက်ပါ

ခန္ဓာကိုယ်အလေးချိန်၊ အရေပြားနဲ့ ဦးနှောက်လုပ်ဆောင်မှုတွေမှာ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေလိုချင်ရင် တစ်နေ့ကို အနည်းဆုံးရေ 3 လီတာသောက်ပါ။

သံပယိုရေသောက်ပါ

သံပရာသီးမှာပါတဲ့ ဗီတာမင် C က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့ အောက်ဆီဂျင် ရယ်ဒီကယ်တွေကို ဖယ်ရှားပေးပါတယ်။ အတွင်းပိုင်း pH ကို ဟန်ချက်ညီစေပြီး ဇီဝြဖစ်ပျက်မှုကိုဖြစ်ပေါ်စေပါတယ်။

ပန်းသီးရှာလကာရည်သောက်ပါ

ပန်းသီးရှာလကာရည်က အဝလွန်ခြင်းကို တားဆီးပေးနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ချေ (၄) မျိုးကို လျှော့ချပေးနိုင်ပါတယ်။ အစာမစားမီ မိနစ် 30 ကြိုသောက်ပါတာက အထိရောက်ဆုံးပါ။

Black Coffee သောက်ပါ

ကော်ဖီက အစာစားချင်စိတ်ကို လျော့ပါးစေပြီး အားပြည့်စေပါတယ်။ သကြားမပါတဲ့ ကော်ဖီ ဒါမှမဟုတ် ခရင်မ်မပါတဲ့ကော်ဖီက အပိုပေါင်တွေကို ကျစေနိုင်ပါတယ်။ အကောင်းဆုံးရလဒ်ရရှိဖို့ အစာမစားမီ မိနစ် 30 အလိုမှာ black coffee တစ်ခွက်သောက်ပါ။ အားစိုက်ထုတ်စရာမလိုဘဲ ကိုယ်အလေးချိန်ကျဖို့ ရေ 3-4 လီတာနဲ့အတူ black coffee နှစ်ခွက်သောက်ပါ။

ကျန်းမာရေးနဲ့အညီစားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုဟာ စျေးမကြီးပါဘူး။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ၊ အဆီများသောနို့၊ အဆီအပြည့်ဒိန်ချဉ်စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ များများစားပေးပါ။

Green Tea သောက်ပါ

လက်ဖက်စိမ်းမှာ Antioxidants ပါ၀င်ပါတယ်။ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ ဇီဝဖြစ်ပျက်မှုကို ကူညီပေးပြီး အစာချေဖျက်မှုကို ပိုမိုကောင်းမွန်စေကာ တစ်နေ့တာလုံး ခွန်အားဖြစ်စေပါတယ်။ ရေနွေးကြမ်း ၄-၅ ခွက်သောက်ပါ။

Snacking လျှော့ပါ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကို နာရီတိုင်း သရေစာအနေနဲ့ စားတဲ့အခါ ကိုယ်အလေးချိန်တက်စေပြီး လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် ကိုယ်အလေးချိန်ကျစေမယ့်ခရီးကို ရပ်တန့်စေပါတယ်။