မင်္ဂလာပါနော်။ မျက်ခုံးမွှေး ပုံကျနေမှ မျက်ခုံးမွှေးဆွဲရတာလည်း ပိုပြီးလွယ်ကူသလို ပိုပြီးလည်းလှပါတယ်။

မျက်ခုံးမွှေးကို ပုံဖော်ဖို့အတွက် Salon သွားစရာမလိုဘဲ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်ပေးလို့ရပါတယ်။

မျက်ခုံးမွှေးကို ပုံကျအောင် ဘယ်လိုဖော်မလဲဆိုတာကို အခုပဲ မျှဝေပေးလိုက်တယ်နော်။

အရင်ဆုံးသင့်ရဲ့ မျက်ခုံးမွှေးကို ပုံဖော်ပေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် တိုင်းတဲ့အတံ တစ်ခုခုနဲ့ မျက်ခုံးမွှေး ဆွဲတံ အဖြူကို တိုင်းတာလိုက်ပါ။

ပြီးသွားရင် ဘယ်နေရာလောက်မှာ မျက်ခုံးမွှေးခုံးမလဲ ဆိုတာကို တိုင်းတာပါ။

ပြီးရင် မျက်ခုံးမွှေးကို ဘယ်နေရာမှာ ဆုံးမလဲဆိုတာ တိုင်းတာပါ။

ပြီးသွားရင်တော့ အခုလိုမျိုး မျက်ခုံးမွှေးတစ်ခုလုံးကို အပြင်ဖက်ကနေ ဆွဲလိုက်ပါ။

ပြီးသွားရင်တော့ မျက်ခုံးမွှေးဆိုတဲ့ Gel ကို ဆိုးပေးလိုက်ပါ။

အဲဒီနောက် ပိုနေတဲ့ မျက်ခုံးမွှေးကို ရိတ်ပေးတာ၊ နှုတ်ပေးတာ (သို့) Waxing လုပ်ပေးတာမျိုး လုပ်နိုင်ပါတယ်။

အခုလို မျက်ခုံးမွှေး ပုံဖော်ပြီးသွားရင်တော့ မျက်ခုံးမွှေး ဆွဲပေးကြည့်လိုက်ပါ။