ဘယ်သူမှ မပြည့်စုံဘူးဆိုတဲ့ စကားကြားဖူးမှာပါ။ မှန်ပါတယ်။ ဒါပေမယ့် အမှားနဲ့ အားနည်းချက်တွေ နည်းသထက်နည်းအောင်တော့ ကိုယ့်ဘက်က ကြိုးစားသွားဖို့ လိုပါတယ်။

ဒီဆောင်းပါးမှာ ကိုယ့်ကိုယ်ကိုယ် အမြဲမပြတ် တိုးတက်အောင်မြင်အောင် မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတချို့ ဖော်ပြပေးသွားမှာပါ။

(၁) စာဖတ်ပါ

စာအုပ်ဆိုတာ သင့်ကို အပျင်းပြေစေရုံအတွက်တင် ဖန်တီးထားတဲ့ပစ္စည်းမဟုတ်ပါဘူး။ စာဖတ်ခြင်းဟာ သင့်ကို ဉာဏ်ပညာအလင်းနဲ့ ထက်မြက်တဲ့အတွေးတွေ ခေါ်ဆောင်ပေးနိုင်ပါတယ်။ တခြားသူတွေထက် အသိပညာ ၊ သတ္တိနဲ့ စိတ်ကူးတွေပိုကောင်းစေဖို့ စာများများဖတ်ပါ။

(၂) ကိုယ့်ကိုယ်ကိုယ် သုံးသပ်မှုလုပ်ပါ

ကိုယ်ယုံကြည်ရတဲ့လူတွေဆီက ကိုယ့်အပေါ်အမြင်နဲ့ ကိုယ့်ရဲ့ လိုအပ်ချက်တွေအကြောင်း Feedback တောင်းပါ။ ကိုယ်ကိုယ်တိုင်လည်း ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်မှုပုံမှန်လုပ်ပါ။

(၃) Podcasts တွေ နားထောင်ပါ

ပညာရစေမယ့် Podcast တွေ နားထောင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရာရောက်ပါတယ်။ နားထောင်သင့်တဲ့ Podcasts တွေထဲမှာ TED Talks ၊ Founders Talk ၊ RadioLab ၊ The College Info Geek Podcast ၊ Entrepreneurial Thought Leaders နဲ့ Rationally Speaking တို့ ဖြစ်ပါတယ်။ တခြားလည်း ထင်ပေါ်ကျော်ကြားတဲ့ စာပေနဲ့အနုပညာရှင်တွေရဲ့ ပြောကြားချက်ကို နားထောင်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) ပန်းတိုင်ထားပြီး အလုပ်လုပ်ပါ

ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ ပန်းတိုင်ဆီ ဦးတည်နေတဲ့ အလုပ်တွေ ဖြစ်ပါစေ။ ဘယ်လောက်ပဲ သေးငယ်တဲ့ပန်းတိုင်ဖြစ်ပါစေ။ အလေးအနက်ထားပြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်မယ်လို့ သံဓိဌာန်ချထားပါ။ ပန်းတိုင်ငယ်လေးတွေ အောင်မြင်မှ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်တဲ့သူ ဖြစ်လာမှာပါ။

(၅) အပြောင်းအလဲလုပ်ဖို့ တံခါးဖွင့်ထားပါ

ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်လာဖို့ အပြောင်းအလဲ လုပ်ရမှာပါ။ အပြောင်းအလဲလုပ်ဖို့ ခက်နေရင် ရှေ့ဆက်တိုးတက်ဖို့ မလွယ်ပါဘူး။ အကျင့်ဆိုးတွေ ပြောင်းလဲဖို့အတွက်ဆို အောင်မြင်သူတွေရဲ့ အကျင့်တွေ လေ့လာသင့်ပါတယ်.

(၆) အောင်မြင်သူတွေနဲ့ ပေါင်းပါ

တိုးတက်ချင်စိတ်ရှိတဲ့သူတွေနဲ့ ပေါင်းမှ တိုးတက်ချင်စိတ်ပြင်းထန်မှာပါ။ စကားတစ်ခွန်းရှိပါတယ်။ သင့်အချိန်တွေ အများဆုံးအတူတူကုန်ဆုံးစေတဲ့ လူ ၅ ယောက်က သင့်ဘဝကို ဆုံးဖြတ်တယ်ဆိုတာပါပဲ။ ဒီတော့ မြင့်မြင့်တွေး ၊ မြင့်မြင့်ကြံပြီး တိုးတက်ထက်မြက်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးသင့်ပါတယ်.