အားလုံးပဲမင်္ဂလာပါနော်။ လူတိုင်းလူတိုင်းမှာ အမှားလေးတွေရှိတတ်ကြပါတယ်။ ကျွန်မတို့တွေ အားလုံးမှာလည်းရှိသလို ကလေးတွေလည်း အမှားလေးတွေလုပ်တတ်ကြပါတယ်။ သူတို့လေးတွေ လုပ်မိတဲ့အမှားလေးတွေက မသိဘဲ လုပ်မိတဲ့ ဖြူစင်တဲ့အမှားလေးတွေပါ။

ကျွန်မတို့ကိုယ်တိုင်ကလည်း အမှားနဲ့မကင်းတာမို့ ကလေးတွေအမှားလုပ်မိတဲ့အခါမှာလည်း ပြုပြင်ထိန်းသိမ်းပေးရမှာပါ။

ဒီလို ပြုပြင်ဆုံးမတဲ့နေရာ၊ အပြစ်ပေးတဲ့နေရာမှာ သူတို့ကိုလည်းမထိခိုက်စေဘဲ စိတ်ဒဏ်ရာမရစေဘဲ အပြစ်ပေးတတ်ဖို့လိုပါတယ်။

ဆိုတော့ ဘယ်လိုအပြစ်ပေးရမလဲ။

၁။ သင့်ကလေးလုပ်မယ့် အပြုအမူက တခြားသူကိုမထိခိုက်ဘူးဆိုရင် အပြစ်မပေးပါနဲ့။ စူးစမ်းလိုစိတ်ကို မကန့်သတ်လိုက်ပါနဲ့။

ကလေးတွေကို မထိခိုက်စေဘဲ၊ စိတ်ဒဏ်ရာမရစေဘဲ ဆုံးမနည်းတွေ

၂။ အမိန့်ပေးတာထက် အကြံပေးပါ။

ကလေးတွေကို မထိခိုက်စေဘဲ၊ စိတ်ဒဏ်ရာမရစေဘဲ ဆုံးမနည်းတွေ

၃။ အများသူငါရှေ့မှာ အပြစ်မပေးသင့်ပါဘူး။

၄။ ကလေးတွေကို ခြိမ်းခြောက်ပြီး မဆုံးမပါနဲ့၊ ပြစ်ဒဏ်ပေးမယ်လို့ပြောပါ

၅။ ကလေးနှစ်ယောက်ကြောင့် တစ်ခုခု ပျက်စီးသွားတဲ့အခါ ဘယ်သူ့အမှားမှန်း သင်မသိနိုင်တာမို့ တစ်ယောက်တည်းကိုပဲ မဆူလိုက်ပါနဲ့

၆။ ကလေးတွေကို အပြစ်ပေးတဲ့အခါ သူတို့ရဲ့ အသက်အရွယ် နဲ့ ကိုက်ညီဖို့လိုပြီး သူတို့နှစ်သက်တဲ့အရာလေးတွေကို စာပိုကြိုးစားချင်လာအောင် ပိတ်ပင်လိုက်ပါ။

၇။ ညစ်ညမ်းတဲ့စကားမသုံးဘဲ အပြစ်ပေးပါ။

Source: www.brightside.me

By: MyStyle Myanmar

Featured Image Source: integratedlistening.com