တိရစ္ဆာန်တွေထဲမှာမှ ခွေးတွေက လူတွေအတွက် အကောင်းဆုံးမိတ်ဆွေကောင်းတွေပါ။ တချို့ခွေးတွေက လိမ္မာသလို တချို့ခွေးတွေကတော့ သူစိမ်းမြင်တာနဲ့ တန်းဟောင်တာပါပဲ။ တချို့ခွေးတွေဆိုရင် လူမကြောက်ကြပါဘူး။ သင်က လမ်းမှာ ခွေးဟောင်ခံရရင် ဒါမှမဟုတ် ခွေးလိုက်တာခံရရင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။

၁။ လေလွင့်ခွေးတစ်ကောင်နဲ့ တွေ့ရင် မပြေးပါနဲ့၊ သူ့ကို ပစ္စည်းတွေနဲ့ ပစ်မပေါက်ပါနဲ့

အများစုက ခွေးတစ်ကောင်ကိုယ့်နောက်လိုက်တာနဲ့ ထွက်ပြေးတတ်ကြပါတယ်။ ဒီလိုပြေးလေ သူတို့က ပိုလိုက်လေပါပဲ။ အကောင်းဆုံးနည်းလမ်းက-

  • ခွေးနဲ့ခပ်ဝေးဝေးနေပြီး သူလှည့်ထွက်သွားမယ့်အချိန်ကို စောင့်ပါ
  • နောက်ကို ဖြည်းဖြည်းပြန်ဆုတ်ပါ။ သူက ကိုယ်ပြန်ဆုတ်တဲ့အချိန် လိုက်လာရင် ချက်ချင်းရပ်လိုက်ပါ။ ခွေးက မလှုပ်ရင်တော့ နောက်ဖြည်းဖြည်းပြန်ဆုတ်ပါ။ သူက တခြားအာရုံပြောင်းသွားတာနဲ့ ပုံမှန်အတိုင်းပါ ဆက်သွားပါ။

ဘယ်လိုမှ မရရင် သင့် ကြောပိုးအိတ်၊ ထီး၊ သင်ပိုင်တဲ့ ပစ္စည်းတစ်ခုခုကို သူ့ရှေ့ချပြီးအာရုံလွှဲပေးပါ။

၂။ သင်က စကိတ်စီးနေတဲ့အချိန် ဒါမှမဟုတ် စက်ဘီးစီးနေတဲ့အချိန်

ဆိုင်ကယ်နောက်ကို ပြေးလိုက်တဲ့ခွေးတွေကို သင်မြင်ဖူးမှာပါ။ ခွေးတွေက လှုပ်ရှားနေတဲ့အရာတွေကို တုံ့ပြန်မှုအားကောင်းပါတယ်။ တကယ်လို့ သင့်စက်ဘီး၊ ဆိုင်ကယ်နောက်လိုက်လာရင် ချက်ချင်းရပ်လိုက်ပါ။ သင့်ကို အာရုံမရဖြစ်သွားပါလိမ့်မယ်။ အမြန်မောင်းတာမျိုးမလုပ်ပါနဲ့။ ခွေးတွေက မြန်တာကြောင့် သင့်ကို မိသွားနိုင်ပါတယ်။

၃။ သင့်ခွေးလေးနဲ့လမ်းလျှောက်လာတဲ့အချိန်

လေလွင့်ခွေးတွေက သင့်ခွေးကို ဟောင်တဲ့အချိန် သင်ဘာလုပ်မလဲ။ သင့်ခွေးကို ကိုင်လိုက်တဲ့အချိန် သင့်ကို အန္တရာယ်ပေးပါလိမ့်မယ်။ မြေပြင်မှာသင့်ခွေးကို ဆက်ထားရင်လည်း သင့်ခွေးလေး အနာရနိုင်ပါတယ်။ တကယ်လို့ တင်စရာနေရာရှိတယ်ဆိုရင်လည်း သင့်ခွေး ဒါမှမဟုတ် ကြောင်ကို လေလွင့်ခွေးမမှီနိုင်တဲ့နေရာမှာ တင်ပေးပါ။ သင့်မှာ စားစရာပါတယ်ဆိုရင်တော့ လေလွင့်ခွေးကို ဒါနဲ့အာရုံပြောင်းနိုင်ပါတယ်။

၄။ ခွေးဟောင်လာတဲ့အချိန် သူ့မျက်လုံးကို သွားမကြည့်ပါနဲ့


ခွေးတွေအတွက် မျက်လုံးချင်းဆုံတာက ရန်ပွဲစဖို့ စိန်ခေါ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အဲ့တော့ သူနဲ့ မျက်လုံးချင်းမဆုံဘဲ မသိတဲ့ပုံစံမျိုး ဆက်သွားပေးပါ။

တကယ်လို့ သူတို့က ကိုယ့်အနံ့လာခံရင်လည်း ငြိမ်ငြိမ်လေးနေပေးလိုက်ပါ။

အကောင်းဆုံးနည်းလမ်းကတော့ ခွေးဟောင်သံတွေကြားရင် ဝေးဝေးရှောင်တာပါပဲ။

Source: Brightside.me

By MyStyle Myanmar