ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလမှာ ဆံပင်ညှပ်ဆိုင်လည်း မသွားနိုင်အောင် ဖြစ်နေကြမှာပါ။ New Normal လူမှုအပြောင်းအလဲမှာ တစ်ကိုယ်ရည်ပုံစံထိန်းသိမ်းဖို့အတွက်လည်း နည်းလမ်းသစ်ရှာရဖို့ ဖြစ်လာပါတယ်။ တစ်ချို့ကလည်း ကိုယ့်အိမ်မှာတင် ကိုယ့်ဘာသာဆံပင်ညှပ်ပြီး ဖြေရှင်းနေကြပါတယ်။ ဒီဆောင်းပါးမှာတော့ ဆံပင်ညှပ်ဆိုင် ခဏခဏမသွားနိုင်တဲ့ အမျိုးသားတွေအတွက် ဆံပင်ကြောင့် အချိန်သိပ်မပေးရဘဲ အဆင်ပြေစေဖို့ အကြံပြုချက်တစ်ချို့ကို မျှဝေသွားမှာပါ။

(၁) ဆံပင်ပုံစံကောင်းကောင်း ညှပ်ထားပါ

Photo: Genco Male Grooming

အရင်ဆုံးတစ်ချက် ကိုယ့်ဆံပင်ကို စတိုင်ကျဖို့အပြင် တစ်လနှစ်လ ရှည်လာတဲ့အထိ ထိန်းသိမ်းရလွယ်တဲ့ ပုံစံ ညှပ်ထားဖို့ပါ။ ဆံပင်ကို အချိန်ပေးပြီး ပုံသွင်းဂရုစိုက်စရာ မလိုတဲ့ ဒီဇိုင်းကို ကိုယ့်ဆံသဆရာနဲ့ တိုင်ပင်ပြီး ညှပ်သင့်ပါတယ်။

(၂) ကိုယ့်ဘာသာ Trimming လုပ်ပါ

Photo: Finder.com

နောက်တစ်ချက်က ဆံပင်ညှပ်ဆိုင်ကို ခဏခဏ မသွားရအောင် ကိုယ့်ဆံပင်ကို ဘေးနားလေးတွေ တိ,ပေးလို့ ရပါတယ်။ ကိုယ့်အိမ်မှာတင် Trimmer တစ်ခုလောက် ဝယ်ထားပြီး ဘေးလေးတွေ ပါးပေးနိုင်ပါတယ်။ အနည်းဆုံး ၂ ပတ် ၃ ပတ်နဲ့ ဆံပင်ညှပ်ဆိုင်သွားရတာကနေ တစ်လလောက်နေမှ တစ်ခါပဲ သွားဖို့ လိုလာပါလိမ့်မယ်။

(၃) နေ့တိုင်း ခေါင်းမလျှော်ပါနဲ့

Photo: Cool Men’s Hair

အလုပ်လည်း မရှုပ်ရအောင် ဆံပင်လည်း မပျက်စီးရအောင် တစ်ပတ်မှ ၂ ရက်လောက်ပဲ ခေါင်းလျှော်သင့်ပါတယ်။ ခေါင်းခဏခဏလျှော်တာဟာ ဆံပင်ကို ပျက်စီးစေနိုင်တာကြောင့် ရေရှည်မှာ ဦးရေပြားပြဿနာ ဖြစ်လာနိုင်ပါတယ်။

(၄) Hair Product အရွေးမှန်ပါစေ

Photo: Pete & Pedro

ဆံပင်ပုံစံကောင်းဖို့ သုံးတဲ့ပစ္စည်းလည်း အရေးကြီးပါတယ်။ ဆံပင်အမျိုးအစားအလိုက် သုံးရမယ့် ပစ္စည်းကို သိထားဖို့ လိုပါတယ်။ မလိုအပ်ဘဲ Gel တို့ Pomade တို့ သုံးမိရင်လည်း ဆံပင်အရှည်ထားသူတွေအတွက် အဆင်မပြေပါဘူး။ နောက်တစ်ခုက အလှကုန်ပစ္စည်းကို အမျိုးအစားကောင်းတာ သုံးခြင်းအားဖြင့် မလိုအပ်ဘဲ စိတ်မရှုပ်ရသလို ကိုယ့်ဆံပင်အတွက်လည်း စိတ်ချယုံကြည်ရမှာ ဖြစ်ပါတယ်။