ပိုက်ဆံစုချင်တာစိတ်ပဲရှိတယ် တကယ်လက်တွေ့မှာ မစုဖြစ်တာမျိုး ရှိကြမှာပါ။ စုပြီဆိုလည်း နည်းနည်းလေးကနေ မတက်တော့ဘူး၊ ဒီလောက်ပဲစုဖြစ်ပြီး ပြန်သုံးမိလိုက်တာမျိုးလည်း ရှိမှာပေါ့။ ဒါကြောင့် စုမယ်ဆိုရင်လည်း တကယ်စုဖြစ်အောင် အချိန်တိုအတွင်းမှာ ပိုက်ဆံများများစုဖြစ်အောင် လုပ်နိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

ပိုက်ဆံကိုသေချာစီမံခန့်ခွဲပါ

အဓိကကတော့ ပိုက်ဆံကို ရတာနဲ့ယူသုံးလိုက်တာမျိုးမလုပ်ပဲ အရင်ဆုံး သေချာစီမံခန့်ခွဲရပါမယ်။ ဘယ်လောက်ရတာကို ဘယ်လောက်စုမယ်ဆိုတာ သေချာစီမံခန့်ခွဲပါ။ Target ထားပြီးစုပါ။

သုံးရမယ့်အရာတွေကို သေချာစီစစ်ပါ

ဥပမာအနေနဲ့ လစာရလာပြီဆိုတာနဲ့ ဘာတွေလိုအပ်လဲ ဘာတွေသုံးဖို့ရှိလဲဆိုတာကို ချရေးပြီး အဲ့အတွက် ကွက်တိဖယ်ထားတာမျိုးလုပ်ပါ။ လတိုင်း သေချာစီစစ်ပြီးလုပ်မှ ပိုက်ဆံကပုံမှန်စုဖြစ်နေမှာပါ။

ဝင်ငွေပိုတိုးလာအောင်လုပ်ပါ

အချိန်တိုအတွင်းမှာ ပိုက်ဆံများများရလာအောင် စုချင်တယ်ဆိုရင်တော့ အရင်ထက်ပိုပြီး အလုပ်ကြိုးစားရပါမယ်။ Income တွေရှာပြီး ရလာတာကို တစ်ပြားမှမသုံးပဲ အကုန်စု၊ အရင်ကရနေကျပိုက်ဆံလေးနဲ့ပဲ အဆင်ပြေအောင်သုံးတာမျိုး လုပ်မယ်ဆိုရင် ခဏလေးနဲ့ ပိုက်ဆံများများစုဖြစ်လာမှာပါ။

အသုံးစရိတ်လျော့ချပစ်ပါ

မလိုအပ်တာတွေ လုံးဝမသုံးပါနဲ့တော့။ တကယ်လိုအပ်တာ၊ မဖြစ်မနေဝယ်ရမှာ၊ မဖြစ်မနေလုပ်ရမှာတွေအတွက်ပဲ ပိုက်ဆံကိုသုံးပါ။ အရင်လောက် ပိုက်ဆံကို မသုံးပါနဲ့တော့ အသုံးစရိတ်တွေကို ရရင်ရသလောက် လျော့ချပစ်ပါ။ ဒါမှ သေချာစုဖြစ်မှာပါ။

Photo Source: www.freepik.com