နနွင်းကို ပုံမှန်သုံးစွဲပေးခြင်းအားဖြင့် ခန္ဓာကိုယ်သွယ်လျလှပအောင် ကူညီပေးနိုင်တယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။ ဒီလိုမျိုး ဇဝေဇဝါဖြစ်နေတဲ့ စာဖတ်သူတို့အတွက် နနွင်းကိုသုံးပြီး ဘယ်လိုမျိုး ဝိတ်ချနိုင်မလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

နနွင်းက အဝလွန်ခြင်းကိုဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေခြင်း၊ အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေခြင်း စတဲ့ ကောင်းကျိုးတွေကို ပေးစွမ်းနိုင်လို့ ကိုယ်အလေးချိန်လျော့ချချင်သူတို့အနေနဲ့ နနွင်းအကြောင်း လေ့လာထားသင့်ပါတယ်။

နနွင်းမှုန့် လက်ဖက်ရည် ၁ ဇွန်း နေ့စဥ်သုံးစွဲပေးခြင်း

လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာရှိတဲ့ နနွင်းမှုန့်ကို တစ်နေ့ ၃ ကြိမ် မှန်မှန်သုံးစွဲပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကျဖို့သာမက တခြားကျန်းမာရေးဆိုင်ရာအခြေအနေတွေအတွက်ပါ ကောင်းကျိုးအများကြီးပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဂျင်းနဲ့ နနွင်း ရေနွေးကြမ်း

ဂျင်းနဲ့နနွင်း နှစ်မျိုးကိုပေါင်းစပ်ပြီး သုံးစွဲပေးခြင်းက ရောင်ရမ်းမှုတွေကို ကုသနိုင်ပြီး အဆီပိုတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။

နနွင်းမှုန့် − လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဂျင်း − 1/2 လက်မရှိတဲ့ အပိုင်း

ရေ − တစ်ခွက်

သစ်ကြံပိုးခေါက်ချောင်း − ၃−၄ ချောင်းလောက်

ဒယ်အိုးပြားတစ်ခုထဲကို ဂျင်းရော နနွင်းမှုန့်ရော ထည့်လိုက်ပါ။ ရေလောင်းထည့်ပြီး ၅ မိနစ်လောက် သို့မဟုတ် ရေထဲအရသာစိမ့်ဝင်သွားတဲ့အထိ တည်ပေးပါ။

ပွက်ပွက်ဆူနေပြီဆိုရင် သစ်ကြံပိုးခေါက်ချောင်းတွေ ထပ်ထည့်လိုက်ကာ နောက်ထပ် ၂ မိနစ်လောက် တည်ပေးပါ။ အချိန်ပြည့်ပြီဆို အရည်စစ်ကာ ခွက်ထဲထည့်ပြီး သောက်သုံးလို့ရပါပြီ။ အကယ်လို့ အရသာက သိပ်မသောက်တတ်ဘူးဆိုရင် ပျားရည်နည်းနည်း ထည့်သောက်လို့ရပါတယ်။

နနွင်းနဲ့ နို့ဖျော်ရည်

အအေးမိ၊ ချောင်းဆိုး၊ ဝမ်းလျောခြင်း၊ ဗိုက်ရစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ရာသီလာချိန် ဗိုက်အောင်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အခြားရောဂါအသေးလေးတွေအတွက် နနွင်းနဲ့နွားနို့ဖျော်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။ ဒါ့အပြင် နေ့စဥ်မှန်မှန်သောက်််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််ပေးခြင်းဖြင့်လည်း ဝိတ်ကျနိုင်သလို ကျန်းမာဖြတ်လတ်ဖို့အတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။

နနွင်းမှုန့် − လက်ဖက်ရည်ဇွန်း 1/2

နွားနို့နွေးနွေးလေး တစ်ခွက်

နွေးနွေးလေးရှိတဲ့ နွားနို့ထဲကို နနွင်းမှုန့်ထည့်ပြီး သစ်သားဇွန်းနဲ့မွှေပေးပါ။ ညအိပ်ရာမဝင်ခင် နာရီဝက်အလို သောက်သုံးပေးမယ်ဆိုပါက ကိုယ်ခံအားမြင့်တက်စေပြီး အိပ်လို့လည်းကောင်းစေပါတယ်။

Source: FabHow

By MyStyle Myanmar