သင်ဟာမည်သည့်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေပါစေ ဂါဝန်အတိုကို နည်းလမ်းကျကျ၊ မှန်မှန်ကန်ကန်နဲ့ ဝတ်ဆင်တတ်မယ်ဆိုရင် အလန်းဆုံးနဲ့ အလှဆုံးအသွင်အပြင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ အချို့သူများက ခန္ဓာကိုယ်ဝသူများကို စနောက်ကဲ့ရဲ့တတ်ကြသော်လည်း တကယ်တမ်းတွင် ထိုပြည့်ဖြိုးသောခန္ဓာကိုယ်ပိုင်ရှင်များမှာ ကောက်ကြောင်းများပိုမိုလှပသည်ကို နားမလည်ကြပါဘူး။ အတွေးတွေက အရာရာကိုထိန်းချုပ်နေတာဖြစ်လို့ မိမိနဲ့ပတ်သက်ပြီး အတွေးကောင်းများကိုသာ တွေးတောပေးဖို့နဲ့ မိမိရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ချစ်တတ်၊ နှစ်သက်တတ်ဖို့ အမြဲတမ်းသတိရပေးပါ။

၁။ အလှဆုံးသောကိုယ်ခန္ဓာအစိတ်အပိုင်းကိုပေါ်လွင်မှုရှိစေပါ။

သင့်အတွက်လည်း မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းက အလှပဆုံးလဲဆိုတာကို သေချာသိမြင်အောင်လုပ်ပြီး ပေါ်လွင်အောင်လုပ်နိုင်မယ်ဆိုရင် နောက်ထပ်အချက်တွေကို ဆက်လက်လုပ်ဆောင်နိုင်မှာပါ။

၂။ မိမိနဲ့လိုက်ဖက်သင့်တော်တဲ့စတိုင်ကိုရှာပါ။

မိမိကြိုက်နှစ်သက်သည့် စတိုင်ရှိသော်လည်း ထိုစတိုင်က သင့်ရဲ့အလှဆုံးကိုယ်ခန္ဓာအစိတ်အပိုင်းကို ပေါ်လွင်စေနိုင်သလားဆိုတာကို စဉ်းစားပါ။ တခါတလေတွင် မည်မျှပင်ကြည့်ကောင်းသည်ဆိုစေကာမူ မိမိနှင့်လိုက်ဖက်မှုရှိမရှိက ပိုမိုအရေးကြီးတာကြောင့် စဉ်းစားချင့်ချိန်ကာ ရွေးချယ်စေလိုပါတယ်။

၃။ အချိန်၊ နေရာနှင့် လိုက်ဖက်မှုရှိစွာ ဝတ်ဆင်တတ်ပါ။

နေ့စဉ်သွားလာနေရသည့်အချိန်မျိုးတွင် ခမ်းနားကြီးကျယ်သည့်အဝတ်အစားကို မဝတ်ဆင်ရဘူးလို့မဆိုလိုသော်လည်း အပြင်သွားသည့်အခါ၊ ပွဲတက်သည့်အခါများတွင် လှလှပပဆင်ယင်ခြယ်သရင်းနဲ့ ရရှိမယ့်စိတ်လှုပ်ရှားမှုကိုတော့ ပျောက်ရှသွားစေနိုင်ပါတယ်။ တနည်းအားဖြင့် ထူးခြားသည့် အရာကို သာမန်ပစ္စည်းတစ်ခုအနေဖြင့် ပြောင်းလဲသွားစေခြင်းပဲဖြစ်ပါတယ်။

၄။ အရောင်ပါတာကိုဝတ်ဆင်ဖို့ မတွန့်ဆုတ်ပါနဲ့။

အနက်ရောင်က ဘယ်အချိန်ဝတ်ဝတ် အကောင်းဆုံးဆိုပေမယ့်လည်း အရောင်တွေနဲ့စတိုင်ကျကျဝတ်ဆင်ခြင်းက လူအများ၏စိတ်ဝင်စားမှုနှင့် ချီးကျူးမှုများကို ရရှိနိုင်မည့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

၅။ ခြေအိတ်ရှည်၊ အသားကပ်ဘောင်းဘီများ၊ ခြေထောက်အလှ

ဤအချက်သည် သွားလာရမည့်နေရာ၊ သင့်စတိုင်နှင့် သက်သောင့်သက်သာရှိနိုင်မည့်အခြေအနေများပေါ်မူတည်ပါတယ်။ တခမ်းတနား အခြေအနေများအတွက် ခြေအိတ်ရှည်များက မဖြစ်မနေဝတ်ဆင်ရမည့်အဝတ်အစားများဖြစ်ပြီး၊ နွေရာသီတွင် အလွတ်ဒီဇိုင်း၊ အေးသည့်အချိန်များတွင် ခြေအိတ်များကို ဝတ်ဆင်ပေးရန်လိုအပ်ပါတယ်။

၆။ Accessories များနှင့် တွဲဖက်ပေးပါ။

ဂါဝန်ကို မှန်ကန်သင့်တော်သည့် Accessories များနှင့် ပေါင်းစပ်ဝတ်ဆင်ပေးပါ။ အင်္ကျီနှင့် Accessories အရောင်တထပ်တည်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တစ်ခုခုကိုရွေးချယ်ဖို့ စဉ်းစားထားလျှင် အပြည့်အဝလုပ်ပေးပါက အကောင်းဆုံးရလဒ်ရရှိလာမှာဖြစ်ပါတယ်။

ယုံကြည်မှုရှိပါ။

မည်သည့်စတိုင်၊ အဝတ်အစားနှင့် နေရာမရွေး အကောင်းဆုံးအကြံဉာဏ်ကတော့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ပဲဖြစ်ပါတယ်။ လှပသည့်ဂါဝန်တိုကို ဝတ်ထားသည့် ပြည့်ဖြိုးသောခန္ဓာကိုယ်နှင့် အမျိုးသမီးတစ်ဦးဟာ မိမိကိုယ်ကိုယုံကြည်မှုရှိပြီး မျက်နှာလေးကပါပြုံးချိုနေမယ်ဆိုရင် လူတိုင်းလူတိုင်းကို အခါခါပြန်ကြည့်ရလောက်အောင် ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။