ဆံပင်က နဂိုကောက်ဘဲဖြစ်ဖြစ် ဒါမှမဟုတ် ကောက်ထားတာဘဲဖြစ်ဖြစ် အမြဲပုံကျနေဖို့အတွက်ဆို ခေါင်းလျှော်ပြီးတိုင်း သေချာဂရုစိုက်မှ အမြဲလှပနေမှာပါ။ အမြဲလှပနေဖို့ ခေါင်းလျှော်ပြီးတိုင်း ဂရုစိုက်ဖို့လိုပါတယ်။

ခေါင်းလျှော်တဲ့အခါ Curly Hairs အတွက် ထုတ်ထားတဲ့ Shampoo ကို သုံးပေးတာက ဆံပင်ရဲ့ပုံသဏ္ဍာန်ကို ကြာရှည်ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။

ခေါင်းလျှော်ပြီးလို့ ဆံပင်ကိုအခြောက်ခံတဲ့အခါ လေနဲ့အခြောက်ခံမယ့်အစား Diffuser ကိုသုံးပေးရင် ကောက်သားကို ပိုပေါ်လွင်စေပါတယ်။ နောက်တစ်ခုက ဆံပင်လှိုင်းတွေကို ဘီးနဲ့မဖြီးပါနဲ့၊ ဒီလိုလုပ်တာက ဆံပင်ပုံစံကိုပျက်ဆီးစေနိုင်လို့ပါ။

Leave-in Conditioner ကိုသုံးတာက ဆံပင်ကောက်ကြောင်းတွေကို ပျော့ပျောင်းပြီး ပုံကျစေတာမလို့ ခေါင်းလျှော်ပြီးတိုင်း Leave-in Conditioner သုံးဖို့မမေ့ပါနဲ့။

Ponytail အမြင့်လေး စည်းပြီးအိပ်တာက ညအိပ်တဲ့အခါ အိပ်နေချိန် ဆံပင်တွေပြားတာကနေကာကွယ်ပေးပါတယ်။