ကိုယ့်ကိုမလိုတဲ့သူကတော့ အတင်းပြောမှာပဲ၊ မကောင်းပြောမှာပဲ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေရတာဖြစ်တဲ့အတွက် ဒါမျိုးကတော့ မဖြစ်မနေကြုံရမှာပါ။ ဒါတွေကိုလိုက်ဂရုစိုက်နေမယ့်အစား ပြန်တိုက်ခိုက်နေမယ့်အစား သူတို့နောက်မပြောရဲအောင်၊ ပြောနေတဲ့သူပဲမောသွားအောင် ကိုယ့်အနေနဲ့ ဘယ်လိုနေပြရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ

ဘယ်သူဘာပြောပြော တုန်လှုပ်တာမျိုးမဖြစ်ပဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ထားပြီးသာ ပြုံးပြုံးလေးနေပါ။

အမြဲကြိုးစားပါ

သူတို့ပြောလေ ကိုယ်ကပိုကြိုးစားပြလေဆိုတာမျိုးပဲ ဖြစ်ပါစေ။ ကိုယ့်အခုရောက်နေတဲ့နေရာထက် ပိုတော်လာအောင်၊ ပိုတိုးတက်လာအောင်သာ ကြိုးစားပြပါ။

လျစ်လျူရှုထားပါ

အတင်းပြောတာတွေ၊ မကောင်းပြောနေတာတွေက ကိုယ့်ကိုမနာလိုလို့ ပြောတာလို့ပဲ စိတ်ထဲမှတ်ထားပြီး လျစ်လျူရှုထားလိုက်ပါ။ ဘာမှပြန်မတုံ့ပြန်ပါနဲ့။

လုံးဝဂရုမစိုက်တဲ့ပုံနဲ့နေပါ

သူတို့ဘာပြောပြော လုံးဝဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့နေပါ။ တကယ်လည်းဂရုမစိုက်ပါနဲ့။ ကိုယ်လုပ်စရာရှိတာကိုဆက်လုပ်ပါ။ ဘဝအတွက်အရေးမပါတာတွေ၊ အကျိုးမရှိတာတွေအတွက် စိတ်ညစ်၊ စိတ်ရှုပ်မခံပါနဲ့။