ဗီဒိုထဲ​က အဝတ်တွေထက် ဘဝမှာ အရေးပါတဲ့ အရာတွေ အများအပြားရှိပေမယ့် စတိုင်အမိုက်ဆုံး၊ အလှဆုံးတော့ လူတိုင်း ဖြစ်ချင်ကြပါတယ်။ ဒီလိုလှနေဖို့ ကြိုးစားတဲ့အထဲမှာ အင်္ကျီတစ်ထည်တည်း၊ တစ်ပုံစံတည်းကို ပုံစံပြောင်းလဲအောင် ဝတ်ရတာပါ ပါဝင်ပါတယ်။ တစ်ခါလာလည်း ဒီအင်္ကျီပဲလို့ ပြောတဲ့စကားကို နှစ်သက်တဲ့လူ နည်းလောက်ပါတယ်။ ဒီတစ်ခေါက်တော့ အင်္ကျီတစ်ထည်တည်းပေမယ့် ပုံစံပြောင်းသွားစေမယ့် လှည့်စားနည်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဖိနပ်

ဖိနပ်ပြောင်းတာက အင်္ကျီရဲ့ Vibe ကိုပါ ပြောင်းလဲစေပါတယ်။ ဒေါက်ဖိနပ်နဲ့ အင်္ကျီကို တွဲထားရင် နောက်တစ်ခေါက် Sneaker လေးနဲ့ တွဲကြည့်နိုင်ပါတယ်။

၂။ ဆံပင်စတိုင်

သင်က ဆံပင်စတိုင် အမျိုးမျိုး လုပ်တတ်မယ်ဆိုရင် ဆံပင်ကိုပဲ လူတွေက အာရုံရောက်ကာ အင်္ကျီဘာဝတ်ထားလဲ မကြည့်ကြတော့ပါဘူး။

၃။ Accessories တွေထည့်ပါ

ဆွဲကြိုးပြောင်းတာ၊ ခါးပတ် ပတ်လိုက်တာ စတာတွေက အင်္ကျီပုံစံကို ပြောင်းလဲစေပါတယ်။

၄။ အပြင်ထပ်

သင်က အင်္ကျီတစ်ထည်တည်းပေမယ့် တစ်မျိုးတည်းပဲ ပြောင်းလဲချင်ရင် အပြင်ထပ်ကို မမေ့သင့်ပါဘူး။ မတူညီတဲ့ အပြင်ထပ်တွေက အင်္ကျီတစ်ထည်ကို ပုံစံပြောင်းသွားစေပါတယ်။

၅။ Layer ထည့်တာ

သင့်နဂိုအင်္ကျီပေါ်ကနေ ရှပ်အင်္ကျီထပ်ဝတ်တာ၊ အပြင်က ကုတ်အင်္ကျီဝတ်လိုက်တာတွေက လုံးဝ မတူတဲ့ ပုံစံကို ရစေပါတယ်။

၆။ ကြယ်သီး ဖြုတ်ဝတ်တာ၊ အင်္ကျီထည့်ဝတ်တာ

အင်္ကျီမှာ ကြယ်သီးပါရင် ကြယ်သီးဖြုတ်ပြီး လည်ပင်းအကျယ် ဝတ်တာ၊ အင်္ကျီရှည်ကို ဘောင်းဘီ/ စကပ်ထဲ ထည့်ဝတ်တာတွေ စမ်းကြည့်နိုင်ပါတယ်။

၇။ Pattern ပါတာတွေ ရှောင်ပါ

သင် ထပ်ခါထပ်ခါ ဝတ်တဲ့ အဝတ်အစားတွေကို မမှတ်မိစေချင်ရင် အကွက်တွေ၊ Print တွေ ပါတဲ့ အဝတ်အစားမျိုးကို ရှောင်သင့်ပါတယ်။ လူတွေက ဒီလို အင်္ကျီမျိုးကို ပိုမှတ်မိလွယ်တာကြောင့် ဗြောင်အင်္ကျီတွေက ပိုသင့်တော်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar