မင်္ဂလာပါနော်။ မျက်တောင်တုတွေမလိုဘဲ တစ်နေကုန် မျက်တောင်လေးတွေကော့ပြီးရှည်ထွက်နေဖို့ ရေစိုခံ Mascara တွေက အရမ်းအသုံးတည့်ပါတယ်။ ဒါပေမယ့် မိတ်ကပ်ဖျက်တဲ့အချိန်မှာ တော်ရုံနဲ့မပျက်ဘဲ မျက်လုံးကို ကြမ်းကြမ်းတမ်းတမ်းပွတ်ဆွဲပြီး ဖျက်ရတာမို့ မျက်စိ Sensitive ဖြစ်တတ်တဲ့သူတွေအတွက် အဆင်မပြေသလို ရေရှည်မှာ မျက်အိတ်တွေတွဲကျပြီး အရေးအကြောင်းတွေ ပေါ်တတ်ပါတယ်။

ဒီလိုမဖြစ်အောင် Mascara ဖျက်တဲ့အခါ မျက်လုံးကိုတစ်ဝိုက် ပွတ်ဆွဲစရာမလိုဘဲ ပြောင်အောင်ဖျက်နိုင်မယ့် နည်းလမ်းလေးကို ဒီတစ်ခေါက်မှာ မျှဝေပေးသွားမှာပါ။

ဒီနည်းအတွက် ပါဝင်ပစ္စည်းသုံးမျိုးလိုပါတယ်။ Cotton Pad ၊ နားထိုးတဲ့ဂွမ်းတံ Cotton Bud နဲ့ မျက်ကပ်ဖျက်ဆေးပါ။


ကိုယ်က Waterproof ဖြစ်တာကို ပုံမှန်သုံးတတ်တဲ့သူဆိုရင် ဖျယ်ရလွယ်အောင် Micellar Water ဒါမှမဟုတ် Oil-based ဖြစ်တဲ့ မိတ်ကပ်ဖျက်ဆေးရည်တွေကို အသုံးပြုသင့်ပါတယ်။

ဖျက်တဲ့အခါ အဓိကသုံးရမှာကတော့ ဂွမ်းတံလေးပါပဲ။ ပထမဆုံး ကိုယ့်ရဲ့ Cotton Bud လို့ခေါ်တဲ့ဂွမ်းတံကို မိတ်ကပ်ဖျက်ဆေးစိမ့်ဝင်နေအောင် စွပ်ထားပေးပါ။ ပြီးနောက် Cotton Pad လေးကို မျက်ခွံနဲ့မျက်တောင် ကြားကနေခံပြီး Cotton Bud ကို မျက်တောင်အပေါ်ကတင်ပေးပါ။


တင်ပြီးရင်တော့ Mascara တွေကို မျက်ကပ်ဖျက်ဆေးစွပ်ထားတဲ့ဂွမ်းတံလေးနဲ့ အပေါ်အောက် ဖြီးချသလိုလုပ်ပြီး ဖြေးဖြေးချင်း ဖျက်ပေးရမှာဖြစ်ပါတယ်။ ကိုယ် Mascara ဆွဲထားတဲ့ လမ်းကြောင်းအတိုင်း အရင်းပိုင်းကနေ အဖျားထိရောက်အောင်ဖြီးပြီး သန့်စင်ပေးပါ။


ဒါကတော့ Mascara ဖျက်တဲ့အခါ မျက်လုံးထိခိုက်မှုမရှိအောင်နဲ့ မျက်တောင်တွေကျွတ်ထွက်မှုနည်းအောင် ဖျက်လို့ရတဲ့နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ Makeup ပညာရှင်တွေကိုယ်တိုင်အကြံပေးထားတဲ့နည်းဖြစ်တာမို့ ပျိုမေတို့လည်း လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Photo Source: BeBeautiful, Stylecraze

By MyStyle Myanmar