လက်ပြတ်အင်္ကျီတွေ ဝတ်ဆင်ချင်ပေမယ့် ချိုင်းကြားအသားအရေက မဲနေလို့ စိတ်ညစ်နေပါသလား။ လေဆာပစ်ပြီး ချိုင်းမွှေး မပေါက်တော့အောင် ချိုင်းဖြူအောင် လုပ်ချင်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ကြောက်လို့ မလုပ်ရဲဖြစ်နေပါသလား။

ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် လွယ်ကူရိုးရှင်းသော နည်းလမ်းများကို အသုံးပြုနိုငပါတယ်။

ပျားရည်နှင့် သံပုယိုရည်

ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်းကို သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ချိုင်းကြားအသားအရေကို ဆပ်ပြာအပျော့စားဖြင့် ဆေးကြောပြီးနောက် ခြောက်အောင် သုတ်လိုက်ပါ။ ထို့နောက် ပျားရည်အရောအနှောကို ခပ်ယူပြီးနောက် ချိုင်းကြားကို သုတ်လိမ်းပေးလိုက်ပါ။

၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာတဲ့အခါ ပုဝါတစ်ထည်ကို ရေနွေးနွေးထဲတွင် စိမ်ထားပြီးနောက် ထိုပုဝါဖြင့် သုတ်ကာ ဖယ်ရှားပေးလိုက်ပါ။ ဒီနည်းလမ်းလေးက ချိုင်းမွှေးပေါက်နှုန်းကို လျော့ချပေးပြီး အသားအရေအတွက်လည်း ကောင်းမွန်ပါတယ်။

ချက်ချင်းလုပ် ချက်ချင်းအာနိသင် ပြမှာမဟုတ်တဲ့အတွက် စိတ်ရှည်ဖို့တော့ လိုပါမယ်။ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးပါ။

နနွင်းမှုန့်နှင့် နွားနို့

နနွင်းမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်းကို နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။ ချိုင်းကို ရေနွေးနွေးဖြင့် ဆေးကြောသုတ်သင်ကာ အခြောက်ခံထားပါ။ ထို့နောက် နနွင်းမှုန့် အနှစ်များကို ချိုင်းကြားထဲ သုတ်လိမ်းကာ မိနစ် ၃၀ ခန့် အခြောက်ခံပါ။

ထို့နောက် ပုဝါတစ်ထည်ကို ရေနွေးထဲတွင် စိမ်ကာ အရည်များ ညှစ်ချလိုက်ပါ။ ထို့နောက် နနွင်းဖြင့် သုတ်လိမ်းထားသည်များကို ဖယ်ရှားလိုက်ပါ။

ဒီနည်းလမ်းက ချိုင်းကြားကို ဖြူဝင်းစေပြီး ချိုင်းမွှေးပေါက်နှုန်းကို လျော့ကျစေပါတယ်။ နေ့စဉ်နေ့တိုင်း ပြုလုပ်နိုင်သလို တစ်ရက်ခြားတစ်ကြိမ်စီလည်း ပြုလုပ်နိုင်ပါတယ်။ ပိုမိုထူးခြားတဲ့ရလာဒ်ကို လိုချင်တယ်ဆိုရင်တော့ ညအိပ်ရာ ဝင်ခါနီးမှာ သုတ်လိမ်းထားပြီး မနက်ကျမှ ဆေးချလိုက်ပါ။

ပြောင်းမှုန့်နှင့် ကြက်ဥအကာ

ကြက်ဥတစ်လုံးရဲ့ ကြက်ဥအကာများကို ဆယ်ယူပြီးနောက် ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်ဖြင့် သမအောင် ရောမွှေပါ။ ထို့နောက် သကြား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် ထပ်မွှေလိုက်ပါ။ ထို့နောက် ချိုင်းကို ရေနွေးနွေးဖြင့် ဆေးကြောကာ ခြောက်အောင် သုတ်ပါ။

ပြီးရင်တော့ ကြက်ဥအကာအရောအနှောကို ချိုင်းပေါ် သုတ်လိမ်းလိုက်ပါ။ ကြက်ဥအကာက ခြောက်သွားပြီဆိုတာနဲ့ ခွာချလိုက်လို့ရပါပြီ။ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

Source: Parenting.firstcry.com