အားလုံးပဲမင်္ဂလာပါနော်။ အဝတ်အစားဟာ ကျွန်မတို့ရဲ့ နေ့ရက်တိုင်းအတွက် အရေးပါလှပါတယ်။ အဝတ်အစားတွေ သန့်ရှင်းစင်ကျယ်နေမယ်ဆိုရင်တော့ ဘာလုပ်လုပ် မိမိကိုယ်ကို ယုံကြည်မှုရှိစေမှာပါ။ အဝတ်အစားမှာ အစွန်းအထင်းရှိတာက တကယ်ကိုဆိုးပါတယ်။ အစွန်းအထင်းနဲ့ဆို အဝတ်အစားတွေက ဟောင်းနွမ်းသွားသလို ခံစားရတာကြောင့် အဝတ်အစား အသစ်တွေ ဝယ်ဖို့ တွန်းအားတစ်ခုဖြစ်စေပါတယ်။

ဒါ့ကြောင့် အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး အဝတ်အစားလေးတွေကို ပိုပြီးသန့်ရှင်းစေဖို့အတွက် သိသင့်တဲ့ အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်။ အဆော့သန်တဲ့ကလေးလေးရှိတဲ့ အမျိုးသမီးတွေအတွက်လည်း ဒီနည်းလမ်းကောင်းလေးတွေက အသုံးဝင်မှာပါနော်။

အစွန်းအထင်းရှိတဲ့နေရာကို အဓိကလျှော်ပေးပါ။

အစွန်းရှိနေတဲ့ နေရာကို အဓိကထားပြီး လျှော်ဖွတ်ပေးပါ။ အဲဒီနေရာကို အဝတ်လျှော်ဆပ်ပြာတိုက်ရိုက် ထည့်လိုက်ပြီး သေချာပွတ်ပေးလိုက်ပါ။

အဝတ်မလျှော်ခင် အစွန်းအထင်း ပြောင်စေတဲ့ ဆပ်ပြာမှုန့်နဲ့ စိမ်ထားပါ။

အဝတ်မလျှော်ခင် အစွန်းအထင်းကိုဖယ်ရှားပေးနိုင်တဲ့ ဆပ်ပြာမှုန့်နဲ့ ရေစိမ်ထားပေးရမှာဖြစ်ပါတယ်။ အဝတ်စထဲ ဆပ်ပြာမှုန့်စိမ့်ဝင်သွားမှ အစွန်းအထင်းတွေကို ချွတ်ရပိုလွယ်မှာပါ။

အစွန်းအထင်းပြောင်စေတဲ့ ဆပ်ပြာမှုန့်က သင့်အဝတ်အစားတွေမှာ ချွတ်ရခက်တဲ့အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် သိပ်အားစိုက်စရာမလိုဘဲ အစွန်းအထင်းတွေဖယ်ရှားပေးနိုင်ပါတယ်။