[Zawgyi]

ေပ်ာ္ရႊင္မႈအတြက္ အႀကီးမားဆုံးေသာ စိန္ေခၚမႈက အထီးက်န္ဆန္ျခင္းပါပဲ။ ေပ်ာ္ရႊင္စိတ္ခ်မ္းသာမႈအေၾကာင္းေျပာေလေလ အထီးက်န္ဆန္မႈဟာ အဆုိးဆုံးေသာအရာ၊ အခက္အခဲနဲ႔ကုစားရမယ့္အရာျဖစ္ေနေလေလပါပဲ။

တစ္ေယာက္တည္းေနေနရတာနဲ႔ အထီးက်န္ဆန္တယ္ဆုိတာ မဟုတ္ဘူးဆုိတာေတာ့ အေသအခ်ာေပါ့ေလ။ အထီးက်န္ခံတယ္လုိ႔ ခံစားေနရတာေၾကာင့္ ဝမ္းနည္းေနတတ္တာေတြ၊ စိတ္လုိလက္ရ မျဖစ္တာေတြ ျဖစ္ေနသလုိ မေပ်ာ္ပဲ ျဖစ္ေနတတ္ပါတယ္။ အဲဒီခံစားခ်က္ကုိ ကုစားေပးမယ့္ အေလ့ (၅) ခုကုိ က်င့္သုံးႏုိင္ဖုိ႔ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ တစ္ျခားသူေတြကုိ ဂရုစုိက္တဲ႔အက်င့္ လုပ္ပါ။

ထူးခၽြန္ထက္ျမက္တဲ့ ကေလးတစ္ေယာက္ျဖစ္ေအာင္ ဘယ္လိုျပဳစုပ်ိဳးေထာင္ၾကမလဲ

ကုိယ့္ရပ္ကြက္ထဲက အိမ္နီးခ်င္းကေလးေတြကုိ ဂရုစိုက္ေပးတာမ်ိဳး၊ ေက်ာင္းသြားၿပီး ကေလးေတြကုိ စာသင္ေပးတာမ်ိဳးေတြ လုပ္ေစခ်င္ပါတယ္။ “ေလာကရဲ႕ စိတ္လက္ခ်မ္းသာ ေနခ်င္သူမ်ား၊ ကေလးမ်ားနဲ႔ အေပါင္းအသင္းလုပ္ပါ ဘာေတြကုိမွ မၾကည့္နဲ႔” ဆုိတဲ႔ စုိင္းထီးဆုိင္ရဲ႕ သီခ်င္းစာသားဟာ အင္မတန္ မွန္ကန္ပါတယ္။ ကေလးေတြနဲ႔ ေနေနရရင္ေတာ့ ဘယ္က အထီးက်န္စိတ္ေတြ၊ အားငယ္စိတ္ေတြကမွ ဝင္မလာႏုိင္ပါဘူး။ ဆုိလုိတာက တစ္ျခားသူေတြကုိလည္း သင့္ရဲ႕ ဂရုစုိက္မႈေတြ ေပးပါ။

၂။ တစ္ျခားသူေတြနဲ႔ စကားေျပာတဲ႔အက်င့္ လုပ္ပါ။

ေမးထူးေခၚေျပာ ေဆြးေႏြးတတ္တာဟာ စကားကုိ ဗ်စ္ေတာက္ဗ်စ္ေတာက္ ေျပာတာနဲ႔ မတူပါဘူး။ လူျဖစ္လာရင္ေတာ့ တစ္ေယာက္တည္း ပတ္ဝန္းက်င္နဲ႔ ကင္းကင္းရွင္းရွင္းေနလုိ႔မရပါဘူး။ ဒီေတာ့ ကုိယ့္အလုပ္ထဲက လူေတြနဲ႔ အားရင္အားသလုိ႔ ေျပာဆုိဆက္ဆံပါ။ ရင္းႏွီးေအာင္ ကုိယ္ကစ မိတ္ဆက္ပါ။ ရပ္ကြက္ထဲက အိမ္ႏွီးခ်င္းေတြကအစ ၿပံဳးၿပံဳးရႊင္ရႊင္ ႏႈတ္ဆက္တဲ႔ အက်င့္ကုိ ေမြးပါ။

၃။ ပြင့္ပြင့္လင္းလင္း လုပ္ကုိင္တဲ့အက်င့္ရွိပါ။

ခက္တာတစ္ခုက ပြင့္ပြင့္လင္းလင္း မေနတတ္ေတာ့ ဘယ္ကစ ပြင့္လင္းစြာ ျပဳမႈရမလဲ မသိျဖစ္တတ္တဲ့ ကိစၥပါ။  တကယ္ေတာ့ အထီးက်န္ဆန္ၿပီဆုိရင္ လူကုိ အဆုိးဘက္ကုိခ်ည္းေရာက္သြားတတ္တာပါပဲ။ အဲဒီလုိ မျဖစ္ဖုိ႔ကလည္း ပြင့္လင္းရုိးသားဖုိ႔ အက်င့္ကလည္း လုိပါတယ္။ အဲဒီေတာ့ ကုိယ့္စိတ္ထဲက ေျပာခ်င္တဲ့အရာေတြ၊ မေက်နပ္လုိ႔ပဲျဖစ္ျဖစ္ မေပ်ာ္ရႊင္လုိ႔ပဲျဖစ္ျဖစ္ ၊ ေက်နပ္လုိ႔ပဲျဖစ္ျဖစ္၊ ေပ်ာ္လုိ႔ပဲျဖစ္ျဖစ္ အဲဒီ ခံစားခ်က္ကုိ ရုိးစင္းစြာပဲ ထုတ္ေျပာလုိက္ပါ။ ျပဳမူလုိက္ပါ။

၄။ အိပ္ေရးဝေအာင္ အိပ္ပါ။

အထီးက်န္ဆန္ေစတဲ့ အေၾကာင္းရင္းတစ္ခုထဲမွာ အိပ္ေရးမဝတာေၾကာင့္လည္း ပါပါတယ္။ အထီးက်န္သလုိ ခံစားေနရလုိ႔လည္း အိပ္မရပဲ အိပ္ေရးမဝတာလည္း ျဖစ္ႏုိင္ပါတယ္။ သုိ႔ေသာ္ အိပ္ေရးဝေအာင္ အိပ္ဖုိ႔ေတာ့လုိကုိ လုိအပ္ပါတယ္။

၅။ ကုိယ့္ကုိယ္ကုိ ဘာလုိေနသလဲဆုိတဲ့ ေမးခြန္း ေမးတဲ့အက်င့္လုပ္ပါ။

ကုိယ့္ကုိယ္ကုိ အထီးက်န္ဆန္တယ္လုိ႔ ခံစားေနရရင္ သူငယ္ခ်င္း မရွိလုိ႔လား၊ ခြဲျခားဆက္ဆံျခင္း ခံေနရလုိ႔လား၊ ခရီးသြားခြင့္မရလုိ႔လား၊ ရည္းစားမရေသးလုိ႔လား ဘားလားညာလား စသည္ျဖင့္ ကုိယ့္လုိအပ္ခ်က္ကုိ သိရေအာင္ ကုိယ့္ကုိယ္ကုိ ျပန္ေပးတဲ့ အက်င့္လုပ္ေစခ်င္ပါတယ္။ ကုိယ့္ကုိ အထီးက်န္ေစတဲ့ အရာေတြအမ်ားႀကီးရွိေပမယ့္ အဲဒီအရာက ဘာလဲဆုိတာ သိလုိက္ရင္ ေျဖရွင္းႏုိင္မယ့္ နည္းလမ္းေတြ အေျဖေတြကုိ ရွာေဖြေဖာ္ထုတ္ႏုိင္လုိ႔ပါ။

Source: psychcentral.com

[Unicode]

ပျော်ရွှင်မှုအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုက အထီးကျန်ဆန်ခြင်းပါပဲ။ ပျော်ရွှင်စိတ်ချမ်းသာမှုအကြောင်းပြောလေလေ အထီးကျန်ဆန်မှုဟာ အဆိုးဆုံးသောအရာ၊ အခက်အခဲနဲ့ကုစားရမယ့်အရာဖြစ်နေလေလေပါပဲ။

တစ်ယောက်တည်းနေနေရတာနဲ့ အထီးကျန်ဆန်တယ်ဆိုတာ မဟုတ်ဘူးဆိုတာတော့ အသေအချာပေါ့လေ။ အထီးကျန်ခံတယ်လို့ ခံစားနေရတာကြောင့် ဝမ်းနည်းနေတတ်တာတွေ၊ စိတ်လိုလက်ရ မဖြစ်တာတွေ ဖြစ်နေသလို မပျော်ပဲ ဖြစ်နေတတ်ပါတယ်။ အဲဒီခံစားချက်ကို ကုစားပေးမယ့် အလေ့ (၅) ခုကို ကျင့်သုံးနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်ခြားသူတွေကို ဂရုစိုက်တဲ့အကျင့် လုပ်ပါ။

ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

ကိုယ့်ရပ်ကွက်ထဲက အိမ်နီးချင်းကလေးတွေကို ဂရုစိုက်ပေးတာမျိုး၊ ကျောင်းသွားပြီး ကလေးတွေကို စာသင်ပေးတာမျိုးတွေ လုပ်စေချင်ပါတယ်။ “လောကရဲ့ စိတ်လက်ချမ်းသာ နေချင်သူများ၊ ကလေးများနဲ့ အပေါင်းအသင်းလုပ်ပါ ဘာတွေကိုမှ မကြည့်နဲ့” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းစာသားဟာ အင်မတန် မှန်ကန်ပါတယ်။ ကလေးတွေနဲ့ နေနေရရင်တော့ ဘယ်က အထီးကျန်စိတ်တွေ၊ အားငယ်စိတ်တွေကမှ ဝင်မလာနိုင်ပါဘူး။ ဆိုလိုတာက တစ်ခြားသူတွေကိုလည်း သင့်ရဲ့ ဂရုစိုက်မှုတွေ ပေးပါ။

၂။ တစ်ခြားသူတွေနဲ့ စကားပြောတဲ့အကျင့် လုပ်ပါ။

မေးထူးခေါ်ပြော ဆွေးနွေးတတ်တာဟာ စကားကို ဗျစ်တောက်ဗျစ်တောက် ပြောတာနဲ့ မတူပါဘူး။ လူဖြစ်လာရင်တော့ တစ်ယောက်တည်း ပတ်ဝန်းကျင်နဲ့ ကင်းကင်းရှင်းရှင်းနေလို့မရပါဘူး။ ဒီတော့ ကိုယ့်အလုပ်ထဲက လူတွေနဲ့ အားရင်အားသလို့ ပြောဆိုဆက်ဆံပါ။ ရင်းနှီးအောင် ကိုယ်ကစ မိတ်ဆက်ပါ။ ရပ်ကွက်ထဲက အိမ်နှီးချင်းတွေကအစ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တဲ့ အကျင့်ကို မွေးပါ။

၃။ ပွင့်ပွင့်လင်းလင်း လုပ်ကိုင်တဲ့အကျင့်ရှိပါ။

ခက်တာတစ်ခုက ပွင့်ပွင့်လင်းလင်း မနေတတ်တော့ ဘယ်ကစ ပွင့်လင်းစွာ ပြုမှုရမလဲ မသိဖြစ်တတ်တဲ့ ကိစ္စပါ။  တကယ်တော့ အထီးကျန်ဆန်ပြီဆိုရင် လူကို အဆိုးဘက်ကိုချည်းရောက်သွားတတ်တာပါပဲ။ အဲဒီလို မဖြစ်ဖို့ကလည်း ပွင့်လင်းရိုးသားဖို့ အကျင့်ကလည်း လိုပါတယ်။ အဲဒီတော့ ကိုယ့်စိတ်ထဲက ပြောချင်တဲ့အရာတွေ၊ မကျေနပ်လို့ပဲဖြစ်ဖြစ် မပျော်ရွှင်လို့ပဲဖြစ်ဖြစ် ၊ ကျေနပ်လို့ပဲဖြစ်ဖြစ်၊ ပျော်လို့ပဲဖြစ်ဖြစ် အဲဒီ ခံစားချက်ကို ရိုးစင်းစွာပဲ ထုတ်ပြောလိုက်ပါ။ ပြုမူလိုက်ပါ။

၄။ အိပ်ရေးဝအောင် အိပ်ပါ။

အထီးကျန်ဆန်စေတဲ့ အကြောင်းရင်းတစ်ခုထဲမှာ အိပ်ရေးမဝတာကြောင့်လည်း ပါပါတယ်။ အထီးကျန်သလို ခံစားနေရလို့လည်း အိပ်မရပဲ အိပ်ရေးမဝတာလည်း ဖြစ်နိုင်ပါတယ်။ သို့သော် အိပ်ရေးဝအောင် အိပ်ဖို့တော့လိုကို လိုအပ်ပါတယ်။

၅။ ကိုယ့်ကိုယ်ကို ဘာလိုနေသလဲဆိုတဲ့ မေးခွန်း မေးတဲ့အကျင့်လုပ်ပါ။

ကိုယ့်ကိုယ်ကို အထီးကျန်ဆန်တယ်လို့ ခံစားနေရရင် သူငယ်ချင်း မရှိလို့လား၊ ခွဲခြားဆက်ဆံခြင်း ခံနေရလို့လား၊ ခရီးသွားခွင့်မရလို့လား၊ ရည်းစားမရသေးလို့လား ဘားလားညာလား စသည်ဖြင့် ကိုယ့်လိုအပ်ချက်ကို သိရအောင် ကိုယ့်ကိုယ်ကို ပြန်ပေးတဲ့ အကျင့်လုပ်စေချင်ပါတယ်။ ကိုယ့်ကို အထီးကျန်စေတဲ့ အရာတွေအများကြီးရှိပေမယ့် အဲဒီအရာက ဘာလဲဆိုတာ သိလိုက်ရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အဖြေတွေကို ရှာဖွေဖော်ထုတ်နိုင်လို့ပါ။

Source: psychcentral.com