တစ်ခါတစ်လေကျရင် အခန့်မသင့်တဲ့အခါ ဆံပင်မှာ ပီကေကပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဆံပင်မှာ ပီကေကပ်သွားရင် တချို့က ကပ်သွားတဲ့ဆံပင်ကို ညှပ်ထုတ်ပစ်တာမျိုး၊ ပီကေကိုအဆင်ဆွဲခွာတာမျိုး လုပ်ကြပါတယ်။ ဒီလိုလုပ်တာက ကိုယ့်ဆံပင်နာပြီး ပျက်စီးတာပဲရှိပါတယ်။ နှမြောစရာလည်းကောင်းပါတယ်။ ဒါကြောင့် ဆံပင်မှာပီကေကပ်သွားတဲ့အခါ ဆံသားမပျက်စီးအောင် ဖယ်ရှားနိုင်မယ့်နည်းလမ်းအဆင့်ဆင့်ကို မျှဝေပေးချင်ပါတယ်။

အဆင့် ၁

ပီကေကပ်သွားတဲ့ဆံပင်တွေကို တစ်ဖက်ကိုခွဲထားပြီး ကျန်တဲ့ဆံပင်တွေကို စုစည်းပြီးသိမ်းထားလိုက်ပါ။

အဆင့် ၂

ချောဆီကို လက်ချောင်း (သို့) သွားတိုက်တံနဲ့ယူပြီး ပီကေနဲ့ ပီကေကပ်နေတဲ့နေရာကို ပွတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်းမပွတ်ရပါဘူးနော်။ ပြီးရင် ပုဝါ (သို့) အုပ်လို့ရတဲ့အရာတစ်ခုခုနဲ့ ၃ မိနစ် အုပ်ထားလိုက်ပါ။ တင်းကြပ်နေအောင်စည်းလိုက်တာမျိုး၊ အုပ်ထားလိုက်တာမျိုးတော့ မလုပ်ရပါဘူး။

အဆင့် ၃

အချိန်ပြည့်ရင် ဆံပင်မှာကပ်နေတဲ့ပီကေတွေကို ဖြေးဖြေးချင်းစီ စိတ်ရှည်ရှည်နဲ့ ဆွဲခွာပေးပါ။ အားသုံးပြီး ကြမ်းကြမ်းတမ်းတမ်း ပီကေကိုဆွဲခွာတာမျိုးလုပ်ရင် ဆံသားပျက်စီးသွားပါလိမ့်မယ်။ ပီကေကနည်းရင်တော့ တစ်ခါထဲနဲ့ အကုန်ကွာသွားမှာပါ။ များလို့ အကုန်မကွာသေးရင် ချောဆီနည်းနည်းထပ်သုတ်ပြီး ၃ မိနစ်ထပ်ထားလိုက်ပါ။

အဆင့် ၄

ဆံပင်မှာကပ်နေတဲ့ပီကေတွေ အားလုံးကွာသွားပြီဆိုရင်တော့ ရေဆေးချပြီး ခေါင်းလျှော်ရည်နဲ့လျှော်ပါ။ ပြီးရင် Conditioner သုံးပေးဖို့လည်း မမေ့ပါနဲ့။ ခေါင်းလျှော်ချလိုက်တဲ့အချိန်မှာ ဆံပင်ကို ဘီးနဲ့လုံးဝမဖြီးပါနဲ့။ လက်ချောင်းလေးတွေနဲ့ပဲ ရှင်းပေးပါ။

အဆင့် ၅

အားလုံးပြီးသွားရင်တော့ ဆံပင်ခြောက်အောင် ပုဝါနဲ့ ဖွဖွလေးသုတ်ပြီး ခြောက်သွားရင် Hair Oil လိမ်းပေးဖို့ မမေ့ပါနဲ့။

Source :www.stylecraze.com