မျက်နှာဆိုတာ သူစိမ်းတွေနဲ့တွေ့တွေ့ချင်း၊ ကိုယ်ဘယ်သူ၊ ဘယ်ဝါမှန်းမသိသေးခင် အရင်ဆုံးချပြရတဲ့ မိတ်ဆက်စာလေးတစ်စောင်ပါပဲ။ အဲဒီမိတ်ဆက်စာက ဟိုနေရာဖောင်းပွ၊ ဒီနေရာဖောင်းပွဆိုရင် မူလရေးထားတဲ့စာသားရဲ့ ဆိုလိုရင်းတွေပျောက်သွားတတ်ပါတယ်။ ဒါဟာ သင့်ရဲ့လှပနေတဲ့မျက်နှာလေးနဲ့ အလားသဏ္ဍန်တူပါတယ်။ မျက်နှာလေးကလှပြီး အဆီတွေက ဟိုနေရာတစ်ကွက်၊ ဒီနေရာတစ်ကွက် ဖောင်းပွနေမယ်ဆို ရှိရင်းစွဲအလှကို ပျက်စီးစေတတ်ပါတယ်။

ဒီလိုဆို မေးစေ့အောက်က အဆီတွေအပါအဝင် မျက်နှာပေါ်ကအဆီတွေအားလုံး အချိန်တိုအတွင်းပျောက်သွားနိုင်မယ့် နည်းလမ်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်လိုက်ကြရအောင်ပါ။

၁။ ငါးနှုတ်ခမ်း

Source: Femina.in

ပါးနှစ်ဖက်ကို စုတ်သွင်းပြီး နှုတ်ခမ်းကိုငါးနှုတ်ခမ်းပုံစံ (၁၀) စက္ကန့်လောက်လုပ်ပေးပါ။ အဲဒီ (၁၀) စက္ကန့်အတွင်း ပြုံးလည်းပြုံးပေးပါ။ တစ်ခါလုပ်ရင် (၅) ခါအနည်းဆုံးလုပ်ပေးပါ။ ပါးကအဆီတွေကို ကျစေပါတယ်။

၂။ မေးရိုး

Source: joburgwest.getitonline.co.za

ပါးစပ်ကိုဟပြီး အောက်နှုတ်ခမ်းကို အရှေ့နည်းနည်းတိုးထုတ်လိုက်ကာ (၁၀) စက္ကန့်လောက်နေပေးပါ။ (၈-၁၀) ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ပြုံးပါ

Source: choecenter.com

Sနှုတ်ခမ်းကိုစေ့ထားလျက်နဲ့ပဲ ပြုံးနိုင်သလောက် အားရပါးရပြုံးပါ။ (၈-၁၀) ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

၄။ “O” ပုံစံ

Source: StyleCraze

အင်္ဂလိပ်အက္ခရာ “X” နဲ့ “O” ကို ကြိမ်ဖန်များစွာ ရေရွတ်ပေးပါ။ ဒီစာလုံးတွေက သင့်နှုတ်ခမ်းနဲ့ ပါးကြွက်သားတွေ လှုပ်ရှားမှုဖြစ်စေဖို့အတွက် အများကြီး အထောက်အကူပြုပါတယ်။ တစ်နေ့ကို စိတ်ကူးပေါက်တိုင်းပြုလုပ်ပေးနိုင်ပါတယ်။

၅။ မှုတ်ထုတ်ပါ

Source: Livin3

ခုနက စာလုံးရွတ်သလို “O” အက္ခရာကို အကျယ်ကြီးပါးစပ်စုရွတ်စရာမလိုတော့ဘဲ ဖြေးဖြေးနဲ့ ညင်ညင်သာသာလေးပဲ “O” အသေးစားလေးလုပ်ကာ အဆုတ်ထဲက လေတွေက ရှူထုတ်၊ ရှူသွင်းလုပ်ပေးပါ။ တစ်ခါလုပ်ရင် (၅) ကြိမ်လောက် ပြုလုပ်ပေးပါ။

Featured image source: pscosmetics.com.au