မျက်နှာပေါ်မှာ အမည်းစက်သေးသေးလေးတောင်မှ အထင်မခံချင်ကြပါဘူး။ အမည်းစက်ဆိုတာက နေရောင်ချည်ထိတွေ့တာကြောင့်လည်းဖြစ်နိုင်သလို၊ ကိုယ်ဝန်ဆောင်တာကြောင့်၊ သင်သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်နဲ့ အသည်းပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ သံပုယိုရည်

သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ ပြီးရင် ဝါဂွမ်းနဲ့တို့ပြီးအမည်းစက် ရှိတဲ့နေရာမှာ လိမ်းပေးလိုက်ပါ ။မိနစ်အနည်းငယ်လောက်ကြာရင် ရေဆေးချလိုက်ပါ။

၂။ ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်က အမည်းစက်တွေကို လျော့ပါးသက်သာစေပါတယ်။ ရှားစောင်းလက်ပက်ကို ၁၅ မိနစ်လောက်လိမ်းပေးထားပြီး မျက်နှာသစ်လိုက်ပါ။

၃။ သင်္ဘောသီး

အသားအရေပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ သင်္ဘောသီးမှည့်ကို ပြဲအောင်လုပ်ပြီး အမည်းစက်ရှိတဲ့နေရာမှာ လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ် (သို့) ၄ ဘိကမ်လုပ်နိုင်ပါတယ်။

၄။ ကြက်သွန်နီ

ကြက်သန်နီကို ပါးပါးလှီးလိုက်ပြီး အမည်းစက်ရှိတဲ့နေရာမှာ ၅ မိနစ်လောက် လိမ်းပေးထားလိုက်ပါ။ ပြီးရင် မျက်နှာသစ်လိုက်ပါ။ အမည်းစက်တွေကို လျော့ပါးသက်သာစေပါတယ်။

၅။ ငှက်ပျောသီး

ငှက်ပျောသီး တစ်ခြမ်းနဲ့ သံပုယိုသီး တစ်လုံးကို အရည်ညှစ်ပြီး သေချာရောလိုက်ပါ။ ပြီးရင်အမည်းစက်ရှိတဲ့နေရာမှာလိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် မျက်နှာသစ်ချလိုက်ပါ။