အားလုံးပဲ မင်္ဂလာပါနော်။ မျက်နှာပေါ်မှာ အမဲစက်တွေရှိနေလို့ စိတ်ညစ်နေရတဲ့သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာမှာ ပါဝင်တဲ့ သဘာဝနည်းလေးတွေက သင့်ကို ကူညီပေးမှာပါ။ အမဲစက်တွေ မျက်နှာမှာ ကျန်နေခဲ့တာက များသောအားဖြင့် ဝက်ခြံအမာရွတ်တွေ၊ နေလောင်ဒဏ်ရာတွေ၊ ဟော်မုန်းအပြောင်းအလဲနဲ့ အိုမင်းရင့်ရော်လာတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်မှာ အမဲစက်တွေ ဖယ်ရှားဖို့ ငွေကုန်သက်သာပြီး လုပ်ရလည်းလွယ်တဲ့ သဘာ၀ အိမ်တွင်းနည်းလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးသွားမှာပါ။ အချိန်တိုအတွင်းသိသာစေတဲ့နည်းတွေဖြစ်တာမို့ ကိုယ့် Skin နဲ့အဆင်ပြေမယ့် နည်းလေးတစ်ခု ရွေးပြီး စမ်းလုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။

ရှားစောင်းလက်ပတ် Gel

ရှားစောင်းလက်ပတ် Gel မှာ အသားအရေနီမြန်းခြင်းနဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အရေပြားအစိုဓာတ်ဖြည့်ပေးပြီး အမဲစက်တွေကိုပါ ဖယ်ရှားပေးနိုင်တာမို့ ရှားစောင်းလက်ပတ် Gel ကို မျက်နှာအမဲစက်ရှိတဲ့နေရာတွေမှာ လိမ်းထားပေးပါ။ Gel ခြောက်တဲ့အထိ မိနစ် ၃၀ လောက်လိမ်းထားပြီး ရေခပ်နွေးနွေးနဲ့ ဆေးချပေးရုံပါပဲ။

Raw Milk

ဗီတာမင် B ၊ Calcium နဲ့ Antioxidants ဓာတ်တွေပါဝင်နေတဲ့ Raw Milk က မျက်နှာကို ချောမွေ့စေပြီး အရွယ်မတိုင်ခင် အရေးအကြောင်းနဲ့ အမဲစက်တွေမပေါ်အောင် ဖယ်ရှားပေးနိုင်ပါတယ်။ Raw Milk တစ်ဇွန်းလောက်ကို မျက်နှာမှာလိမ်းကာ နှစ်မိနစ်လောက် ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ မိနစ် ၂၀ လောက်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးချနိုင်ပါတယ်။

Green Tea Bag

လက်ဖက်စိမ်းမှာ အရေပြားအတွင်း အဆိပ်အတောက်ပျယ်ကာ အသားအရေကြည်လင်စေပြီး အချိန်တိုအတွင်း အမဲစက်တွေပျောက်ကင်းစေတဲ့ Antioxidants တွေပါဝင်ပါတယ်။ အရင်ဆုံး Green Tea Bag တစ်ထုပ်ကို ရေနွေးခွက်ထဲ မိနစ်အနည်းငယ်ထည့်စိမ်ပေးပါ။ ပြီးနောက်မှာ သင့်မျက်နှာပေါ်က အမဲစက်ရှိတဲ့နေရာတွေကို ခပ်ဖွဖွပွတ်ပေးတာမျိုး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီး Mask

ခရမ်းချဉ်သီးက အရေးပြားတင်းရင်းပြီး ချွေးပေါက်ကျဉ်းစေပါတယ်။ အမဲစက်ကင်းပြီး ကြည်လင်တဲ့ အသားအရေအတွက် ခရမ်းချဉ်သီးနဲ့ပေါင်းတင်ပေးနိုင်ပြီး လုပ်ရမယ့်ပုံစံကတော့ ကြိတ်ထားပြီးသား သဘာဝခရမ်းချဉ်သီးအနှစ်ကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်လောက်ထားပေးရမှာပါ။ အချိန်ပြည့်တဲ့အခါ ရေအေးအေးနဲ့ မျက်နှာပြန်သစ်နိုင်ပါတယ်။

Tea Tree Oil

Tea Tree Oil က အမဲစက်ပျောက်ကင်းစေတဲ့ အထိရောက်ဆုံးပစ္စည်းတွေထဲက တစ်ခုပါ။ မျက်နှာပေါ်က အမဲစက်ရှိတဲ့နေရာတွေပေါ်မှာ တိုက်ရိုက်လိမ်းပေးနိုင်ပြီး ၁၀ မိနစ်လောက်ထားတာ၊ ဒါမှမဟုတ် မအိပ်ခင် တစ်ညလုံးလိမ်းထားပြီး မနက်မှ မျက်နှာပြန်သစ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ အချို့ Sensitive အသားအရေ ရှိသူတွေက Tea Tree နဲ့ မတည့်တာမျိုး ဖြစ်တတ်တာမို့ ဒီနည်းကို ကိုယ့် Skin နဲတည့်မတည့် စမ်းကြည့်ပြီးမှ သုံးပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar