ဝက်ခြံဟာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အရေပြားပြဿနာ တစ်မျိုးပါ။ မျက်နှာလှလှလေးမှာ ဝက်ခြံတွေ ဖျက်နေရင် အရမ်းသောကရောက်ရ ပါတယ်။ ဒါကြောင့် ဒီဝက်ခြံတွေကို ဖယ်ရှားပစ်ဖို့ အောက်မှာ ဖော်ပြထားပါတယ်ရှင့်။

  •  လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အားကစားလုပ်ခြင်းက ချွေးပေါက်ပွင့်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေလို့ ဝက်ခြံတွေကိုလည်းသက်သာစေပါတယ်။
  • မျက်နှာကို လက်နဲ့ ခဏခဏမပွတ်ပါနဲ့။
  • ခေါင်းမကြာခဏ လျှော်ပေးပါ။
  • ဆံပင်မှာကပ်နေတဲ့ဖုန်မှုန့်တွေက ဝက်ခြံဖြစ်စေပါတယ်။
  • အစားအသောက်ကို သင့်တင့်မျှတစွာစားပါ။

  • အနည်းဆုံး ရှစ်နာရီခန့် အိပ်ပါ။
  • ရေများများသောက်ပေးပါ။
  • စိတ်နှင့်ခန္ဓာကို အနားယူပါစေ။
  • ခေါင်းအုံးစွပ် စောင် အိပ်ရာခင်း မျက်နှာသုတ်ပဝါ စသည်တို့ကို တစ်ပတ်တစ်ခါလဲပါ။
  • Oil-Free Make-up သုံးပါ။

  • သွားတိုက်ဆေး သံပုရာသီးနှင့် မုန့်ဖုတ်ဆော်ဒါတို့ကို ဝက်ခြံပေါ်လိမ်းခြင်းမှ ရှောင်ကြဉ်ပါ။
  • မျက်နှာကို Scrub ခဏခဏလုပ်ခြင်း ရှောင်ပါ။
  • မျက်နှာသစ်ပြီးတိုင်း Toner သုံးပါ။
  • Benzoyl Peroxide ပါသော ဆေးများ လိမ်းပါ။

  • ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
  • Azelaic Acid ပါသော အလှကုန်များကို ရွေးချယ်ပါ။
  • ဝက်ခြံအရမ်းများနေပါက အရေပြားဆရာဝန်နှင့် ဆွေးနွေး၍ လိုအပ်သည့် ဆေးဝါးများ သောက်သုံးပေးပါ။

ဒီအချက်လေးတွေ လိုက်နာမယ်ဆိုရင် မျက်နှာပြင်ပေါ်က ဝက်ခြံတွေကို ဖယ်ရှားနိုင်ပြီပေါ့နော်။