ရာသီမလာခင် ရက်အနည်းငယ်အလိုဆိုရင် ပျိုမေတို့ စိတ်ကသိကအောက်ဖြစ်တာ၊ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်ပါတယ်။ ဒါက ပျိုမေတိုင်းဖြစ်မှာတော့မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဖြစ်တတ်တဲ့ မိန်းကလေးတွေဆိုရင် ရာသီလာခါနီးချိန်မှာ စိတ်ညစ်စရာမရှိဘဲ စိတ်ညစ်နေတာ။ အလိုလို စိတ်အားငယ်လာတာ။ ဘာမှလုပ်ချင်စိတ်မရှိတာ။ စိတ်ထိခိုက်လွယ်တာ စတာတွေဖြစ်တတ်ပါတယ်။ တချို့ဆိုရင် ရာသီမလာခင် ဗိုက်အဆီိပိုထွက်လာတာတွေဖြစ်တတ်ပါတယ်။ ဒီလို စိတ်အဆင်မပြေဖြစ်တာက ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်အတိအကျကိုတော့ ဒီအချိန်ထိ မသိကြသေးပါဘူး။ ယေဘုယျအားဖြင့်တော့ ဟော်မုန်းအပြောင်းအလဲကြောင့်လို့ သိရပါတယ်။ ဒီလိုစိတ်ဓာတ်ကျလာတဲ့အချိန် သက်သာလာအောင် ပြုလုပ်နို်င်တဲ့အရာတွေကို ဖော်ပြပါရစေ။

၁။ အေရိုးဗစ်လေ့ကျင့်ခန်း

Source: Health Benefits Times

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက ရာသီမလာခင် စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။

၂။ စိတ်ငြိမ်အောင် လေ့ကျင့်တာ

Source: Business Insider

တရားထိုင်တာ၊ ရောဂကျင့်တာနဲ့ အနှိပ်ခံကုထုံးတွေက စိတ်ငြိမ်စေပြီး စိတ်ညစ်တာ သက်သာစေပါတယ်။

၃။ အိပ်တာ

Source: Sleepability

စိတ်ညစ်တဲ့ရက်တွေဆိုရင် အိပ်ရေးဝအောင် အိပ်ပေးပါ။ ဖြစ်နိုင်ရင် အိပ်ချိန်ထချိန်ကို ပုံသေထားပေးပါ။

၄။ အစားအသောက်

Source: Healthline

ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအသောက်တွေဖြစ်တဲ့ ဒိန်ချဉ်၊ နွားနို့ စတာတွေကို သောက်ပေးပါ။ Whole Grain နဲ့ ကစီဓာတ်များတဲ့ အသီးအရွက်တွေကိုစားပေးပါ။

၅။ ဗီတာမင်

Source: Reader’s Digest Canada

လေ့လာမှုတွေမှာတော့ ကယ်ဆီယမ်နဲ့ ဗီတာမင် B-6 က ဓမ္မတာမလာခင် ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

ဒီနည်းလမ်းတွေ လုပ်ကြည့်လို့ မသက်သာဘူးဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ပြကြည့်ပါလို့ အကြံပြုပါရစေ။