သင်က နေ့စဉ် အလုပ်တာဝန်တွေကို ထမ်းပိုးရင်း ချောင်ပိတ်မိနေပြီလား။ တစ်ခါတလေ အလုပ် အလွန်အကျွံများလာတဲ့အချိန် စိတ်ဖိစီးမှုတွေ ပိုဖြစ်လာတတ်ပါတယ်။ အလုပ်လုပ်ချိန်ဆိုတာ ရှိရမှာဖြစ်သလို အနားယူချိန်ဆိုတာလည်း ရှိသင့်ပါတယ်။ သင်က နေ့စဉ်အလုပ်လုပ်ရပြီး ပင်ပန်းနေတဲ့အချိန် ဒီအရာတွေကိုပြုလုပ်ပြီး ပြန်ပျော်အောင် နေထိုင်နိုင်ပါတယ်။

၁။ ကိုယ်ကြိုက်တဲ့ဖျော်ရည်တစ်ခွက်

သင်က ဘယ်လိုဖျော်ရည်ကို သဘောကျတတ်လဲ။ ဝိုင်လား၊ Cocktail လား ဒါမှမဟုတ် အသီးဖျော်ရည်လား၊ လက်ဖက်ရည်မွှေးမွှေးလေးလား။ ဒီလိုဖျော်ရည်တစ်ခွက်ကို ပင်ပန်းလာတဲ့အချိန်မှာ သောက်ပေးသင့်ပါတယ်။

၂။ Electronic ပစ္စည်းတွေနဲ့ အဆက်အသွယ်ဖြတ်ပါ

တိတ်ဆိတ်တဲ့အခန်းတစ်ခန်းထဲမှာ ကော်ဖီတစ်ခွက်သောက်ပြီး ဖုန်း၊ကွန်ပြူတာစတဲ့အရာတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နေကြည့်သင့်ပါတယ်။ ဖုန်းက သင့်ကို ပိုအာရုံများစေတာတော့ သင်သိပြီးဖြစ်မှာပါ။ ဘယ်သူနဲ့မှ စကားမပြောဘဲ တိတ်တိတ်လေး နေလိုက်တာက သင့်ကို အားပြန်ပြည့်စေပါတယ်။

၃။ စိုးရိမ်ပူပန်မှု

အလုပ်များသူတွေမှာ တွေးစရာ စိုးရိမ်ပူပန်စရာတွေရှိပါတယ်။ ဒီအရာတွေကို စာအုပ်တစ်အုပ်ထဲ ချရေးလိုက်ပါ။ ပြီးနောက် ဘယ်အရာကို ဖြေရှင်းနိုင်မလဲ၊ ဘယ်နည်းလမ်းနဲ့ ဖြေရှင်းနိုင်မလဲ စတာတွေကို ရှာဖွေပြီး စိုးရိမ်မှုတွေကို ရှင်းထုတ်ပစ်ပါ။

၄။ ကိုယ့်အခန်း

ကိုယ့်အိပ်ခန်းကို အလှဆင်ပါ။ အမွှေးရနံ့တွေ အိပ်ယာပေါ် ဖြန်းပေးပါ။ ကိုယ်သဘောကျတဲ့ ရနံ့လေးတစ်မျိုးနဲ့ အိပ်စက်ရခြင်းက သင့်တစ်နေ့တာအမောတွေကို ပြေပျောက်စေပါတယ်။

၅။ အလုပ်အများကြီးမလုပ်ပါနဲ့

အလုပ်အများကြီးဆိုတာ တစ်ကြိမ်တည်းနဲ့ အလုပ်အများကြီး မလုပ်သင့်တာကို ဆိုလိုပါတယ်။ အလုပ်လုပ်တဲ့အချိန် တာဝန်တစ်ခုတည်းကိုပဲ အာရုံစိုက်သင့်ပါတယ်။ တစ်ခုပြီးမှ နောက်တစ်ခုကို ပြောင်းလုပ်သင့်ပါတယ်။

၆။ အိပ်ယာစောစောဝင်ပါ

ညဘက် နောက်ကျတဲ့အထိ မအိပ်ဘဲ အနားယူတာထက် စောစောအိပ်ရာထပြီး ကိုယ်ကြိုက်ရာလေးတွေ လုပ်တာက ပိုအမောပြေစေပါတယ်။ အိပ်တာနောက်ကျတဲ့အခါ သင့်ကို စိတ်ဖိစီးမှုပိုများစေပါတယ်။

၇။ ယောဂကျင့်ပါ

အားကစားပြင်းပြင်းထန်ထန်လုပ်လို့ပင်ပန်းတယ်ဆိုရင် စိတ်ငြိမ်စေတဲ့ ယောဂကျင့်တာမျိုးပြုလုပ်သင့်ပါတယ်။ ယောဂကျင့်တာက စိတ်ဖိစီးမှု သက်သာစေပြီး ခန္ဓာကိုယ် ပေါ့ပါးစေပါတယ်။

သင့်အနေနဲ့ကော ပင်ပန်းလာတဲ့အချိန် ဘယ်လို အနားယူတတ်လဲ တခြားသူတွေသိအောင် ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar