အခုခေတ်မှာ လူတိုင်းက စိတ်ဖိစီးမှုကို အနည်းနဲ့အများခံစားနေရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို အမြန်လျှော့ချနိုင်မယ့်နည်းကို သိချင်သူတွေအတွက် အကြံပြုချက် (၇)ချက်ကို ဝေမျှပေးလိုက်ပါတယ်။ ဒီအချက်တွေက သင့်စိတ်ကို အေးချမ်းစေပြီး စိတ်ကိုလည်း ပြေလျော့စေပါလိမ့်မယ်။

ရေသောက်ပါ

စိတ်ဖိစီးမှုများတဲ့အခါ ရေတစ်ဖက်သောက်လိုက်ပါ။ ရေဓာတ်ပြည့်ဝနေဖို့က ကျန်းမာရေးအတွက် အရေးကြီးသလို စိတ်ဖိစီးမှုအဆင့်ကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ရေကို ပုံမှန်သောက်တဲ့သူတွေဟာ ရေသောက်မှု နည်းပါးသူတွေနဲ့ ယှဉ်ရင် စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျနိုင်ခြေ နည်းပါးပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပေးပါ။

အသက်ပြင်းပြင်းရှူပါ

အသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းတွေကလည်း စိတ်ဖိစီးမှုကို မြန်မြန်လျှော့ချပေးနိုင်ပါတယ်။ နှာခေါင်ကနေ လေကို ခပ်ပြင်းပြင်းရှုသွင်းပြီး ပါးစပ်ကနေတစ်ဆင့် ဖြည်းဖြည်းချင်း ရှူထုတ်ပါ။

သီချင်းနားထောင်ပါ

ဂီတက စိတ်ဖိစီးမှုအတွက် ကုထုံးတစ်ခုဖြစ်တာမလို့ စိတ်ဖိစီးမှုများလာရင် သက်တောင့်သက်သာဖြစ်စေမယ့် ဘယ်ဂီတအမျိုးအစားမဆို နားထောင်ပြီး စိတ်ခံစားချက်ကို မြှင့်တင်ပါ။

Child’s Pose လုပ်ပါ

ယောဂ Pose တစ်ခုဖြစ်တဲ့ Child’s Pose က ရိုးရှင်းပေမယ့် စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ခြေဖနောင့်ပေါ် ပြန်ထိုင်လိုက်ပါ။ လက်နှစ်ဖက်ကိုဆန့်ပြီး ရှေ့ကိုကိုင်းချလိုက်ပါ။ ဒီပုံစံက နောက်ကျော၊ ပခုံးနဲ့ လည်ပင်းတို့ရဲ့ တင်းမာမှုကို သက်သာစေပါတယ်။

Scented Candles သုံးပါ

အနံ့ပါတဲ့ ဖယောင်းတိုင်တွေဟာ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် Scented Candles တွေနဲ့ ရနံ့ကုထုံးယူလို့ရပါတယ်။ သုံးတဲ့အခါ စိတ်ကိုငြိမ်စေတယ်လို့ နာမည်ကြီးတဲ့ လာဗင်ဒါ၊ Chamomile သို့မဟုတ် ယူကလစ်လို ရနံ့များကို သုံးပါ။

လမ်းလျှောက်ပါ

တစ်နေကုန်ထိုင်တာနဲ့ ယှဉ်ရင် တစ်နာရီကို ၅ မိနစ်လောက် လမ်းလျှောက်တာ ဒါမှမဟုတ် တစ်နေ့ ၄-၅ ကြိမ် အပြင်ထွက်တာက စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လတ်ဆတ်သောလေ၊ သဘာဝအလင်းရောင်နဲ့ လှုပ်ရှားမှုတို့ပေါင်းစပ်တဲ့အခါ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ဒါကြောင့် စိတ်ကိုရှင်းဖို့ ခဏတာအားလပ်ချိန်ရတိုင်း လမ်းလျှောက်ပေးပါ။

တရားထိုင်ပါ

မိနစ်အနည်းငယ်လောက် အချိန်ယူပြီး တရားထိုင်တာက စိတ်ဖိစီးနေတဲ့ အတွေးတွေကနေ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ မျက်လုံးတွေကိုမှိတ်ထား၊ အသက်ရှုတာကို အာရုံစိုက်ပြီး ပြိုင်နေတဲ့အတွေးတွေကို လွှတ်လိုက်ပါ။