သင့်မှာ ဘယ်လိုအိပ်မက်မျိုး ရှိပါသလဲ။ ကိုယ့်အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ချင်တဲ့ သူတို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။

ဘယ်လိုနည်းလမ်းကောင်းတွေက အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ကူညီပေးမလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။

ဆုံးခန်းတိုင် လျှောက်လှမ်းပါ

ကိုယ့်အိပ်မက်ကို စတင်အကောင်အထည်ဖော်တဲ့အချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရှုံးပေးချိန်စိတ်များ ကိုယ့်ရဲ့အိပ်မက်ခရီးလမ်းကို ထိုနေရာမှာတင်ပဲ ရပ်တန့်ပစ်ချင်တဲ့စိတ်များ ပေါ်လာပါလိမ့်မယ်။ ထိုအချိန်မှာ ရပ်တန့်ပစ်လိုက်မယ်ဆိုရင်တော့ သင်သည် သင့်အိပ်မက်များကို အရှုံးပေးလိုက်တာနဲ့ အတူတူပါပဲ။

အကြောက်တရားများကို ရင်ဆိုင်ပါ

ကိုယ်လိုချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်လိုက်တဲ့အခါ ကိုယ် မသိလိုက်တဲ့အချိန်မှာပဲ အကြောက်တရားက ဘွားခနဲပေါ်လာတတ်ပါတယ်။ ထိုအကြောက်တရားက ကိုယ့်ရဲ့ ကြိုးစားချင်စိတ်ကို လုယူလိုက်တာမျိုး အဖြစ်မခံပါနဲ့။ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရမယ့်အစား စိတ်ကူးယဉ်နေတာမျိုးပဲ အဖြစ်မခံပါနဲ့။ အ

အောင်မြင်သူများကို အတုယူပါ

ကိုယ့်ရဲ့မျက်စိရှေ့မှာ အောင်မြင်သူတွေ အများကြီးရှိကြပါတယ်။ ထိုအောင်မြင်သူတွေကို သေချာလေ့လာပါ။ သူတို့ဘယ်လိုမျိုး ကျင့်ကြံခဲ့ကြသလဲ၊ ကြိုးစားခဲ့ကြသလဲဆိုတာကို အတုယူသင့်ပါတယ်။

သူတို့ရဲ့နည်းလမ်းကောင်းတွေကို လေ့လာကာ ဘယ်နည်းလမ်းကတော့ဖြင့် ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို လေ့လာပါ။ ပြီးရင် ကော်ပီယူကာ ကိုယ့်ရဲ့အောင်မြင်မှုအတွက် အသုံးချနိုင်ပါတယ်။

အချိန်တစ်ခုသတ်မှတ်ပါ

ဘယ်နှလအတွင်း၊ ဘယ်နှနှစ်အတွင်းမှာ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရမလဲဆိုတာကို အချိန်သတ်မှတ်ထားဖို့လိုအပ်ပါတယ်။ အချိန်မသတ်မှတ်ထားတဲ့အခါ ဘယ်အချိန်ပြီးပြီး ကိစ္စမရှိပါဘူး။

ရတာပဲဆိုပြီး အချိန်ဆွဲရင်း ဆွဲရင်းနဲ့ အချိန်တွေ တိုက်စားသွားပြီး အသက်ကြီးသွားကာ ကိုယ့်ရဲ့အိပ်မက်တွေကို ဘယ်တော့မှ အကောင်အထည်မဖော်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းဖို့ မမေ့ပါနဲ့

ကိုယ့်ရဲ့အိပ်မက်တွေဟာ တစ်ရက်တည်းနဲ့ ပြည့်မြောက်မှာမဟုတ်ပါဘူး။ အချိန်တစ်ခုယူရပါတယ်။ တစ်ခါတရံမှာ အားပေးမှုတွေ၊ ခွန်အားပေးမှုတွေ လိုအပ်ပါလိမ့်မယ်။ ဒါ့ကြောင့် ခရီးတစ်ခုရောက်သွားပြီဆိုတာနဲ့ ခဏတဖြုတ်အနားယူပါ။ ကိုယ့်ရဲ့တိုးတက်မှုတွေကို ပြန်လည်ကြည့်ရှု ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် တော်ကြောင်း ချီးမွမ်းပါ။